တနင်္သာရီ မတ် ၁၁
ပညာရေးဝန်ကြီးဌာန မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့နယ်- တနင်္သာရီမြို့ အခြေခံပညာအထက်တန်းကျောင်းစာစစ်ဌာနတွင် ယနေ့နံနက် ၉ နာရီအချိန်မှ ၁၂ နာရီအချိန်အထိ (ပထမ)နေ့ မြန်မာစာဘာသာစာမေးပွဲကို အေးချမ်းစွာစတင်ဖြေဆိုကြောင်း သိရသည်။
၎င်း(ပထမ)နေ့ တက္ကသိုလ်ဝင်စာမေးပွဲတွင် အ.ထ.က-တနင်္သာရီ၊ အ.ထ.က-မောတောင်၊ အ.ထ.က- မော်တုန်းကျောင်း(၃)ကျောင်းတို့မှ အတွင်းဖြေ ကျောင်းသား(၃၁)ဦး၊ ကျောင်းသူ(၅၂)ဦး၊ ပေါင်း(၈၃)ဦး ဖြေဆိုရန်စာရင်းရှိပြီး၊ အမှန်တကယ်ဖြေဆိုသူ ကျောင်းသား(၂၇)ဦးနှင့်ကျောင်းသူ (၄၉)ဦး၊ ပေါင်း(၇၆)ဦးဖြစ်၍ ကျောင်းသား(၄)ဦးနှင့်ကျောင်းသူ(၃)ဦး၊ ပေါင်း(၇)ဦး ပျက်ကွက်ကြောင်း၊ ထို့အပြင် အလွတ်ဖြေကျောင်းသား(၄)ဦးနှင့်ကျောင်းသူ(၂၃)ဦး၊ ပေါင်း(၂၇)ဦး ဖြေဆိုရန် စာရင်းရှိပြီး ကျောင်းသား(၃)ဦးနှင့် ကျောင်းသူ(၂၁)ဦး၊ ပေါင်း(၂၄)ဦး လာရောက်ဖြေဆိုသဖြင့် ကျောင်းသား(၁)ဦးနှင့် ကျောင်းသူ(၂)ဦး၊ ပေါင်း(၃)ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြောင်း သိရသည်။
သို့ပါ၍ အ.ထ.က-တနင်္သာရီစာစစ်ဌာနတစ်ခုလုံးတွင် စုစုပေါင်းဖြေဆိုရန်စာရင်းရှိ ကျောင်းသား (၃၅) ဦးနှင့်ကျောင်းသူ(၇၅)ဦး၊ စုစုပေါင်း (၁၁၀)ဦးရှိသည့်အနက် ကျောင်းသား(၃၀)ဦးနှင့် ကျောင်းသူ(၇၀)ဦး ပေါင်း(၁၀၀)ဦးတိတိ လာရောက်ဖြေဆိုသဖြင့် ကျောင်းသား(၅)ဦး နှင့် ကျောင်းသူ(၅)ဦး စုစုပေါင်း(၁၀)ဦး ဖြေဆိုရန်ပျက်ကွက်ခဲ့ကြောင်း အ.ထ.က-တနင်္သာရီစာစစ်ဌာနမှ သိရသည်။
ကျောင်းသူ/သားများက အ.ထ.က-တနင်္သာရီစာစစ်ဌာနသို့လာရောက်စဉ် မသမာမှုကင်းရှင်းရေးအတွက် စစ်ဆေးနေမှုနှင့် စာမေးပွဲဖြေဆိုနေမှုများကို တနင်္သာရီမြို့နယ်၊ အမှတ်(၂)စစ်နယ်မြေမှူး ဗိုလ်မှူးကြီးအောင်နိုင်သူသည် မြို့နယ်ပညာရေးကြီးကြပ်မှုကော်မတီဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကျော်သက်ထူးနှင့် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ပညာရေးဌာနတာဝန်ရှိသူများနှင့်အတူ လိုက်လံကြည့်ရှုကြပြီး အမှတ်(၂)စစ်နယ်မြေမှူးက စာမေးပွဲကြီးကြပ်ရေးမှူး၊ လ/ထကြီးကြပ်ရေးမှူးများ၊ ကျန်းမာရေးစောင့်ရှောက်ရေးအဖွဲ့များအတွက် လိုအပ်သည်များ ထောက်ပံ့ဖြည့်ဆည်းပေးခဲ့ကြောင်း သိရသည်။
နန်းသာရီ-ထိန်ဝင်း(ပြန်/ဆက်)