တောင်တွင်းကြီး မတ် ၁၁
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ်တွင် ဆောင်းသီနှံအဖြစ် မတ်ပဲများစတင်ရိတ်သိမ်းလျက်ရှိပြီး စျေးကောင်းရရှိ၍ အဆင်ပြေလျက်ရှိကြောင်း မတ်ပဲစိုက်တောင်သူများထံမှ သိရသည်။
တောင်တွင်းကြီးမြို့နယ်ရှိ ကျေးလက်နေတောင်သူများမှာ ဆောင်းသီးနှံအဖြစ် မတ်ပဲကို မိုးစပါးသီးနှံရိတ်သိမ်းပြီးအချိန် အောက်တိုဘာလနှင့် နိုဝင်ဘာလအတွင်း စတင်ပတ်ကြဲ စိုက်ပျိုးကြပြီး ယခုနှစ်ဆောင်းမတ်ပဲစိုက်ဧက (၅၂၄၅) စိုက်ပျိုးခဲ့ကြောင်း၊ ယခုအခါတွင် မတ်ပဲများ ရင့်မှည့်ပြီး ရိတ်သိမ်းကာ အခြောက်လှမ်း၍ စတင်ချွေလျက်ရှိကြောင်း၊ ရိတ်သိမ်းခအနေဖြင့် တစ်ဧကလျှင် (၂၀၀၀၀)ကျပ်နှင့် ချွေလှေခအနေဖြင့် မတ်ပဲတစ်တင်းလျှင် (၃၀၀၀)ကျပ် ပေးဌားရပြီး အထွက်နှုန်းအနေဖြင့် (၉) တင်းမှ (၁၂) တင်းအထိ ထွက်ရှိကြောင်း နှင့် ယခင်နှစ် မတ်ပဲတစ်တင်းလျှင် (၇၀၀၀၀) ကျပ် ရောင်းချရကာ ယခုနှစ်တွင် မတ်ပဲတစ်တင်းလျှင် (၁၀၀၀၀၀) ကျပ်အထိ တိုးမြှင့်ရောင်းချနေရသည့်အတွက် မတ်ပဲစိုက်တောင်သူများ အဆင်ပြေလျက်ရှိကြောင်း သိရသည်။
ရန်နောင်စိုး(ပြန်/ဆက်)