စေတုတ္တရာ မတ် ၈
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်အတွင်း၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲအား အ.ထ.က စေတုတ္တရာစာစစ်ဌာနတွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ(၃၈၁)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲအား မြန်မာနိုင်ငံတစ်ဝန်းတွင် မတ်လ(၁၁)ရက်နေ့မှ မတ်လ (၁၉)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ စေတုတ္တရာမြို့နယ်၌ စာမေးပွဲကျင်းပသွားမည့် စာစစ်ဌာနမှာ အ.ထ.က စေတုတ္တရာစာစစ်ဌာနကျောင်း၌ ကျောင်းတွင်း ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ(၃၇၅)ဦး၊ ပြင်ပမှ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား၊ ကျောင်းသူ(၆)ဦး၊ စုစုပေါင်းကျောင်းသား၊ ကျောင်းသူ(၃၈၁)ဦးတို့မှာ ရောက်ဖြေဆိုကြမည်ဖြစ်ကြောင်း အ.ထ.ကစေတုတ္တရာကျောင်းမှ သိရသည်။
ဝင်းအိမွန်(ပြန်/ဆက်)