စလင်းမြို့၌ စားသုံးရန်မသင့်သည့် အစားအသောက်အမှတ်တံဆိပ်ပါ ကုန်ပစ္စည်း(၂)မျိုးအား စျေးကွက်အတွင်း ရောင်းချခြင်းရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

စလင်း မတ် ၈

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့ စည်ပင်သာယာစျေးကြီး  အတွင်းအပြင် ရောင်းချလျက်ရှိသည့် ကုန်စုံဆိုင်နှင့် မုန့်ဆိုင်များအား ဒေသခံပြည်သူများ ဝယ်ယူစားသုံးရာတွင်  အန္တရာယ်ကင်းစွာ စိတ်ချယုံကြည်စွာ စားသုံးနိုင်ကြစေရန်အတွက်  အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန မကွေးတိုင်း FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော  အစားအသောက်အမှတ်တံဆိပ်(၂)မျိုးအား စျေးကွက်အတွင်းရောင်းချမှုမရှိစေရေး  စားသုံးသူရေးရာဦးစီးဌာနမှ ယနေ့နံနက် ၉ နာရီ ၃၀ အချိန်က ကွင်းဆင်းစစ်ဆေးကြကြောင်း  သိရသည်။

ထိုသို့ ကွင်းဆင်းစစ်ဆေးရာတွင် မကွေးတိုင်းတာဝန်ခံ  ဒေါက်တာစိုင်းမင်းသူထွန်းနှင့် FDA တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနမှတာဝန်ခံ  ဦးဆန်းလင်းမောင်၊ စည်ပင်သာယာဦးစီးဌာန ဒုဦးစီးမှူး  ဦးဟိန်းထက်နေဝင်းနှင့် ဝန်ထမ်းများ၊ ပြည်သူ့ရဲတပ်ဖွဲ့ဝင်များ၊ ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးမှူး  ဦးတင်စိုးနှင့် ပူးပေါင်းအဖွဲ့များက အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ စားသုံးရန်မသင့်သည့် Super မက်မန်းသီးနှင့် သစ်သီးယိုစုံ၊ Dcreme အမှတ်တံဆိပ်ပါ Milk၊ Strawberry ၊ Flavor drink ဒိန်ချဥ်တို့တွင် သတ်မှတ်ပမာဏထက်ကျော်လွန် ပါဝင်နေကြောင်း ဓာတ်ခွဲစစ်ဆေးတွေ့ရှိရ၍  စားသုံးရန်မသင့်ကြောင်း  စျေးကွက်အတွင်း ရောင်းချမှုမရှိစေရန် FDA မှ စားသုံးသူကာကွယ်ရေး  ဥပဒေအခန်း(၁၈) ကုန်အညွှန်းအမှတ်အသား ဖော်ပြခြင်းနှင့်အတူ စျေးကွက်အတွင်း  ရောင်းချနေသည့် အသားချောင်း၊ ရွှေလက်ရာငပိထောင်း၊ ဥက္ကာလက်ဖက်၊ မိုးကောင်းကင်ကြက်ဥခေါက်ဆွဲ၊ ဥက္ကာလက်ဖက်ချဥ်၊ ဌေးဌေးဇီးယို၊ အချိုရည်၊ KK ၊ TNT စလင်းပေါင်မုန့်၊ လျှာရင်းမြတ်၊ မကွေးနေခြည်၊ Lucky one စလင်းပေါင်မုန့်တို့အား  စျေးကွက်နမူနာကောက်ယူ၍  ဓာတ်ခွဲစစ်ဆေးသွားမည်ဖြစ်ပြီး  အစားအသောက်ကုန်စုံဆိုင်၊ မုန့်ဆိုင်များအား အမှတ်အသားကုန်အညွှန်းတံဆိပ်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ သတ်မှတ်ထားသည့် စည်းကမ်းချက်များကို ပြည့်စုံစွာပါရှိစေရေး အသိပညာပေးပြောကြားကာ  စျေးကွက်အတွင်း  စားသုံးရန်မသင့်သည့်  ကုန်ပစ္စည်းများ ရောင်းချခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မောင်လွင်(စလင်း)