ကျွန်းလှ မတ် ၈
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်၊ ပိတောက်မြိုင်ရပ်ကွက်တွင် ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်၊ အထွေထွေပိုလျံရန်ပုံငွေဖြင့် ဆောင်ရွက်သော ကွန်ကရစ်တံတားနှင့် ကျောက်ချောလမ်းခင်းခြင်းလုပ်ငန်း ၅၀ ရာခိုင်နှုန်းပြီးစီးကြောင်း သိရသည်။
ထိုကွန်ကရစ်တံတား အကျယ် ၃၀ ပေ၊ အနံ ၇ ပေ၊ အမြင့် ၅ ပေကို ခွင့်ပြုရန်ပုံငွေကျပ် ၇ ဒသမ ၂၆၀ သန်းဖြင့်လည်းကောင်း၊ ကျောက်ချောလမ်း အရှည် ၁၁၀၀ ပေ၊ အကျယ် ၁၄ ပေကို ခွင့်ပြုရန်ပုံငွေကျပ် ၃၀ ဒသမ ၀၀ သန်းဖြင့် ဆောင်ရွက်ကြောင်း မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
အဆိုပါ လုပ်ငန်းများ စံချိန်စံညွှန်းနှင့်အညီ သတ်မှတ်ကာလအတွင်းပြီးစီးရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ မြို့နယ်အရည်အသွေးစစ်ဆေးရေးကော်တီနှင့် တာဝန်ရှိသူတို့က ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
မျိုးဝင်းညို (ကျွန်းလှ)