ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်၌ မဲရုံသုံးပစ္စည်းများနှင့်ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေးသုံး ပစ္စည်း များဖြန့်ဝေ

ထီးလင်း  နိုဝင်ဘာ ၄

၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ(၈)ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အတွက် ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများတွင် အသုံးပြုနိုင်ရန် မဲရုံသုံးပစ္စည်း များနှင့်ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးသုံးပစ္စည်းများကို ယမန်နေ့မှစတင်၍ ကျေးရွာ အုပ်စုများ အရောက် ဖြန့်ဝေပေးလျက်ရှိကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ရုံးမှ သိရသည်။

မဲရုံသုံးပစ္စည်းများထုတ်ပေးရာတွင် မဲပုံး၊ လုံခြုံရေးကြိုး၊ဆန္ဒပြုတံဆိပ်တုံး၊ဆန္ဒပြုခန်း၊ မင်ဗူး စ သည့် မဲရုံသုံးပစ္စည်းများနှင့် KN-95 Mask၊ Spray၊ Faceshield၊Apron၊ လက်အိတ်၊ လက်သန့် ဆေးရည်စသည့်ကိုဗစ်-၁၉ရောဂါကာကွယ်ရေးသုံးပစ္စည်းများကို ရပ်ကွက်၊ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးများ အရောက်ဖြန့်ဝေ ပို့ဆောင်ပေးလျက်ရှိကြောင်း သိရသည်။

ထီးလင်းမြို့နယ်အနေဖြင့် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် မြို့ပေါ် ရပ်ကွက်(၂)ခု၊ ကျေးရွာအုပ်စု(၇၁)အုပ်စု၊ စုစုပေါင်း(၇၃)ခုတွင် မဲရုံပေါင်း (၁၀၀)ရှိကာ ဆန္ဒမဲပေး ပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူ(၃၉၄၂၆)ဦး ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။

အောင်စည်(ပြန်/ဆက်)