ငွေဆောင်၌ ကိုဗစ်-၁၉ ကာလအတွင်း ပုံမှန်ဝင်ငွေမရှိသော အိမ်ထောင်စုများအတွက် ဆန်များ ထောက်ပံ့လှူဒါန်း

ငွေဆောင်  နိုဝင်ဘာ   ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့ တွင် နေထိုင်ကြသည့်  ပုံမှန်ဝင်ငွေ မရှိသော အိမ်ထောင်စုများအတွက် ကိုဗစ်-၁၉ကာလအတွင်း စားသောက်ရေးအခက်အခဲ မဖြစ်ပေါ်စေရန် ရည်ရွယ်၍ငွေဆောင်မြို့ ခတ္တာလမ်း၊ အဏ္ဏဝါလမ်း၊ စံပယ်လမ်းနှင့် ၅ လမ်းတို့တွင် နေထိုင်ကြသော ပြည်သူမျာအားဆန်များ လှူဒါန်းခြင်းကို ယမန်နေ့နံနက် ၈ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်းသိရသည်။

အဆိုပါလှူဒါန်းမှုအား ဦးဖြိုးသန့်ဇင် DREAM HOUSE တည်းခိုရိပ်သာမှ ဦးဆောင်ကာစေတနာရှင်၊ အလှူရှင်များစုပေါင်း၍ ငွေဆောင်မြို့အတွင်းရှိ ပုံမှန်ဝင်ငွေမရှိသော အခြေခံလူတန်းစား အိမ်ထောင်စုများအတွက် ငွေကျပ်(၁,၀၅၀,၀၀၀) တန်ဖိုးရှိသည့် ဆန်(၃၀)အိတ်ကိုအိမ်ထောင်စု (၁၇၅)စုအား ခွဲဝေ၍ ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

မူမူသွင်(ပြန်/ဆက်)