ငရုတ်ကောင်းမြို့တွင် မဲရုံများမီးဘေးလုံခြုံရေး စစ်ဆေး

ငရုတ်ကောင်း  နိုဝင်ဘာ ၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၀ပြည့်နှစ်၊ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပမည့် ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်ပြည်သူများ မီးဘေးအန္တရာယ် ကင်းဝေးစေရန်အတွက် ငရုတ်ကောင်းမြို့ အမှတ်(၁)ရပ်နှင့် အမှတ်(၂)ရပ်ကွက် မဲရုံများအား မီးဘေးလုံခြုံရေး စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ငရုတ်ကောင်းနယ်မြေ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်/ကျေး ကော်မရှင် အဖွဲ့ဝင်များတို့က အဆိုပါမဲရုံနှင့် မဲရုံပတ်ဝန်းကျင်ရှိ အဆောက်အဦးများ၊ လူနေအိမ်များ မီးသုံးစွဲမှု အခြေအနေ စစ်ဆေးခြင်း၊ မဲရုံအတွင်း မီးဘေးအန္တရာယ် ကာကွယ်ရန် မီးသတ်ဆေးဗူးများထားရှိမှု အခြေအနေများနှင့် ရေသိုလှောင်ကန်များတွင် ရေရရှိမှုများ စသည်တို့ကို စစ်ဆေးဆောင်ရွက် ခဲ့ကြောင်း သိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)