ကံမ နိုဝင်ဘာ ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ကံမမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များက ၂၀၂၀ ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် မီးဘေးလုံခြုံရေးနှင့် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများအား ဆောင်ရွက်လျှက်ရှိသည်။
ထိုသို့ဆောင်ရွက်ရာတွင် ရပ်ကွက်ကျေးရွာများရှိ မဲရုံများတည်ရှိရာနေရာများနှင့်အနီးပတ်ဝန်းကျင်ရှိ လူနေအိမ် ခြေများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းလုပ်ငန်းများနှင့် မီးဘေးလုံခြုံရေး အတွက် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးရဲညွန့်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ယနေ့နံနက်ကအိမ်တိုင် ရာရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်းသိရသည်။
ကျော်ဇေယျဝင်း(ကံမ)