သဲကုန်း နိုဝင်ဘာ ၄
သဲကုန်းမြို့နယ်၌ မဲဆန္ဒနယ်ပြင်ပရောက် မဲဆန္ဒရှင်များ၏ ကြိုတင်ဆန္ဒမဲလက်မှတ်စာအိတ်များအား မှတ်ပုံတင်ခြင်း၊ ကြိုတင်မဲပုံးထဲသို့ ထည့်သွင်းဆောင်ရွက်ခြင်းကို ယမန်နေ့က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ဆောင်ရွက်သည်။
အဆိုပါ ကြိုတင်ဆန္ဒမဲလက်မှတ် စာအိတ်များ ထည့်သွင်းခြင်း ဆောင်ရွက်ရာတွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးဉာဏ်မြင့်က မဲဆန္ဒနယ်ပြင်ပရောက် ကြိုတင်ဆန္ဒမဲ လက်မှတ်စာအိတ်များအား မှတ်ပုံတင်ခြင်း၊ ကြိုတင်မဲပုံးထဲသို့ ထည့်သွင်းခြင်းဆောင်ရွက်ရာတွင် လိုက်နာဆောင်ရွက်ရမည့် စည်းကမ်း ချက်များ အား ရှင်းလင်း ပြောကြားသည်။
ထို့နောက် မဲဆန္ဒနယ်ပြင်ပရောက် ပြည်ပကြိုတင်ဆန္ဒမဲလက်မှတ် စာအိတ်များနှင့် ပြည်တွင်း ကြိုတင်ဆန္ဒမဲလက်မှတ်စာအိတ်များအား နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များနှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲဝင်များ၏ ရှေ့မှောက်တွင် မှတ်ပုံတင်ခြင်း ဆောင်ရွက်ပြီး သက်ဆိုင်ရာ ကြိုတင်မဲပုံးများထဲသို့ ထည့်သွင်း ဆောင်ရွက်ခဲ့သည်။
မဲဆန္ဒနယ်ပြင်ပရောက် ပြည်ပကြိုတင်ဆန္ဒမဲပေးသူ၊ ပြည်တွင်းကြိုတင် ဆန္ဒမဲပေးသူတို့၏ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဆန္ဒမဲလက်မှတ်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဆန္ဒမဲလက်မှတ်စာအိတ်၊ တိုင်းဒေသကြီး (၁) လွှတ်တော်ကိုယ်စားလှယ် ဆန္ဒမဲလက်မှတ်စာအိတ်၊ တိုင်းဒေသကြီး(၂) လွှတ်တော်ကိုယ်စားလှယ် ဆန္ဒမဲ လက်မှတ်စာအိတ် စုစုပေါင်း(၁၅၉)အိတ်တို့အား ကြိုတင်မဲပုံးထဲသို့ ထည့်သွင်းဆောင်ရွက်ခဲ့ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲရုံးမှ သိရသည်။
နိုင်လင်း(သဲကုန်းပြန်/ဆက်)