ချောင်းသာ၌ တိပိဋကကောဝိဒ ဂုဏဝိသိပူဇာပွဲကျင်းပမည်

ချောင်းသာ မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့တွင် (၁၆)ပါးမြောက် သုတဗုဒ္ဓဘဒ္ဒန္တ ပညာသီရိလင်္ကာရ အရှင်သူမြတ်အား တိပိဋဓရတိပိဋကကောဝိဒ ဂုဏဝိသိပူဇာပွဲအခမ်းအနားကို  ကျောက်မောင်နှစ်မရှိ ဝေဇယန္တာကျောင်းတိုက်တွင် စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

အဆိုပါ ပူဇော်ပွဲကို ၁၃၈၅ ခုနှစ်၊ တပေါင်းလဆန်း(၁)ရက်၊ ၂၀၂၄ ခုနှစ်၊ မတ်လ ၁၀ ရက်နေ့ နံနက် ၉ နာရီတွင် ကျင်းပမည်ဖြစ်ပြီး တိပိဋကကောဝိဒ ဂုဏဝိသိပူဇာပွဲတွင် အရှင်ပညာသေဠာ လင်္ကာရ (Ph.D) စစ်ကိုင်းတောင်ရိုး ဆရာတော်၏ ဓမ္မသဘင်ညတရားပွဲကို ဆင်ယင်ကျင်းပသွားမည်ဖြစ်ပြီး တရားနာပရိတ်သတ်များအား သွားလာမှုအစဉ်ပြေလွယ်ကူစေရန်အတွက် မော်တော်ယာဉ်များ အခမဲ့ (ကြိ/ပို့)ပြေးဆွဲပို့ဆောင်နိုင်ရေး စီစဉ်ဆောင်ရွက်ထားကြောင်း သိရသည်။

ကျော်ကျော် (ပြန်/ဆက်)