မြို့သစ် မတ် ၇
မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ၌ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၅၁၀)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။
မြို့သစ်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ၌ အ.ထ.က(၁) မြို့သစ်နှင့် အ.ထ.က (ဝါးကြီးအိုင်) စာစစ်ဌာန(၂)ခုထားရှိပြီး အ.ထ.က(၁)မြို့သစ်စာစစ်ဌာနတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၃၀၉)ဦး၊ အ.ထ.က(ဝါးကြီးအိုင်) စာစစ်ဌာနတွင် ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ (၂၀၁)ဦး၊ စုစုပေါင်း ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ စာရင်းရှိ (၅၁၀)ဦး ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ဝင်းအိဇွန်(ပြန်/ဆက်)