သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်ဆင့်ဌာနဆိုင်ရာများ ရှင်အပါး (၅၀၀၀) ရှင်ပြုပူဇော်ပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ပြုလုပ်

သရက် မတ် ၇

မကွေးတိုင်းဒေသကြီး သရက်မြို့၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ ရှင်အပါး(၅၀၀၀) ရှင်ပြုပူဇော်ပွဲ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ အစည်းအဝေးတွင် သရက်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဆပ်ကော်မတီအသီးသီး၏ ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို  ရှင်းလင်းပြောကြားပြီး သရက်မြို့နယ်မှ ရှင်အပါး(၁၅၀)ပါးနှင့် လိုက်ပါမည့်အုပ်ချုပ်သူများ စုစုပေါင်း(၃၂၅)ဦးတို့အတွက် ပို့ဆောင်ရေး၊ နေရာချထားရေး၊ ကျန်းမာရေး၊ လုံခြုံရေးဆောင်ရွက်မည့် အခြေအနေများကို သက်ဆိုင်ရာဆပ်ကော်မတီများအလိုက် တင်ပြခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ဧပြီလ(၅)ရက်နေ့မှ (၇)ရက်နေ့အထိ ဗိဿနိုးရှေးဟောင်း ယဉ်ကျေးမှုနယ်မြေ၌ ကျင်းပပြုလုပ်မည့် ရှင်အပါး(၅၀၀၀) ရှင်ပြုပူဇော်ပွဲတွင် သရက်မြို့နယ်မှ ပါဝင်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ကော်မတီအသီးသီးမှ ပူပေါင်းဆောင်ရွက်သွားကြရန် မှာကြား၍ လိုအပ်သည်များ ဖြည့်စွက်ရှင်းလင်းပြီး  ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)