ကန်ကြီးထောင့်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းဖွင့်လှစ်

ကန်ကြီးထောင့် မတ် ၇

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၄ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းကို မတ်လ ၅ ရက်နေ့က မြို့နယ်အားကစားခန်းမနှင့် အားကစားကွင်းတွင် စတင်ဖွင့်လှစ်သင်ကြားလျက်ရှိရာ အားကစား စိတ်ပါဝင်စားသူ လူငယ်များ တက်ရောက်လျက်ရှိကြောင်း သိရသည်။

ထိုသို့ ဖွင့်လှစ်သင်ကြား‌ပေးရာတွင် မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ ဂျူဒို၊ ကြက်တောင်၊ ပြေးခုံပစ်၊ Fitness Dance၊ အေရိုးဗစ်စသည့် အားကစားနည်း(၅)မျိုးအား(အခမဲ့) သင်းကြာပေးမည်ဖြစ်ပြီး သင်တန်းကာလအား မတ်လ (၅)ရက်နေ့မှ ‌‌‌‌‌‌‌‌‌‌‌ဧပြီလ(၃)ရက်နေ့အထိ ဖွင့်လှစ် သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်တွင် မျိုးဆက်သစ်အားကစားသမားများ စဉ်ဆက်မပြတ်ပေါ်ထွက်လာစေရန်၊ မြို့နယ်/ခရိုင်/တိုင်းဒေသကြီး ကိုယ်စားပြုအားကစားသမားများမှ တစ်ဆင့် နိုင်ငံလက်ရွေးစင် အားကစားသမားများ ဖြစ်လာနိုင်စေရန်နှင့် နိုင်ငံတော်၏ အားကစားကဏ္ဍ မြှင့်တင်ခြင်းလုပ်ငန်းများ တစ်ဖက်တစ်လမ်းမှ အထောက်အကူပြုနိုင်ရန်၊ ကျန်းမာကြံခိုင်ပြီး လူငယ်မျိုးဆက်သစ်အားကစားသမားများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ နွေရာသီအားကစားသင်တန်းများ ဖွင့်လှစ်ခြင်းဖြစ်ပြီး နေ့စဉ်သတ်မှတ်ထားသော အချိန်များတွင် သက်ဆိုင်ရာအားကစားနည်းပြများက အားကစားအမျိုးအစားအလိုက် စနစ်တကျသင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)