အထက်မင်းလှ မတ် ၇
ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနမှ တက္ကသိုလ်ဝင်စာမေးပွဲကို ၂၀၂၄ ခုနှစ် မတ်(၁၁)ရက်နေ့မှ (၁၉)ရက်နေ့အထိ ကျင်းပပြုမည်ဖြစ်ရာ မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူ(၃၂၈)ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်သည်။
မင်းလှမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို (အ.ထ.က)မင်းလှစာစစ်ဌာန၌ အတွင်းဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၃၁၃)ဦး၊ အပြင်ဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူ(၁၅)ဦး၊ စုစုပေါင်း (၃၂၈)ဦးတို့ ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်၊ အဆိုပါတက္ကသိုလ် ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများစာမေးပွဲဖြေဆိုရာတွင် စိတ်အေးချမ်းပျော်ရွှင်စွာ ဖြေဆိုနိုင်ရေးအတွက် လိုအပ်သည့် ကျန်းမာရေး၊ သောက်သုံးရေလုံလောက်စွာရရှိရေး၊ လျှပ်စစ်မီး ဆင်ပြေချော့မွေ့စွာရရှိရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာဌာနဆိုင်များက ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)