ရေနံချောင်းမြို့နယ်၌ ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် ကျောင်းသား၊ ကျောင်းသူ ၄၇၀ ဦး ဝင်ရောက်ဖြေဆိုမည်

ရေနံချောင်း မတ်

မကွေးတိုင်းဒေသကြီးရေနံချောင်းမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းအသီးသီးမှ ကျောင်းသား၊ ကျောင်းသူ ၄၇၀ ဦး ဝင်ရောက်ဖြေဆိုမည်ဖြစ်ကြောင်း သိရသည်။

၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲသည် စနစ်သစ်သင်ရိုး၏ ပထမဆုံးကျင်းပမည့် စာမေးပွဲဖြစ်ပြီး နိုင်ငံတဝန်းတွင် မတ်လ ၁၁ ရက်နေ့တွင် စတင်ကျင်းပမည်ဖြစ်ရာ ရေနံချောင်းမြို့နယ်၌ ..က() စာစစ်ဌာန တစ်ခုဖွင့်လှစ်၍ ကျောင်းတွင်းဝင်ရောက်ဖြေဆိုသူ ၄၂၄ ဦးနှင့် ပြင်ပမှဝင်ရောက်ဖြေဆိုသူ ၄၆ ဦးစုစုပေါင်း ၄၇၀ ဦးရှိပြီး ဇီဝဘာသာတွဲတွင် ၁၈၂ ဦး၊ ဘောဂဘာသာတွဲတွင် ၂၈၂ ဦးနှင့် ဝိဇ္ဇာဘာသာတွဲတွင် ဦး ဝင်ရောက်ဖြေဆိုရန် စာရင်းပေးသွင်းထားကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရေနံချောင်းမြို့နယ်၌ ယမန်နှစ် တက္ကသိုလ်ဝင်စာမေးပွဲတွင် စာစစ်ဌာနတစ်ခုဖွင့်လှစ်၍ ကျောင်းသားကျောင်းသူ ၇၁၂ ဦး ဝင်ရောက်ဖြေဆိုခဲ့ရာ ၅၄၄ ဦး ဖြေဆိုအောင်မြင်ခဲ့ပြီး  အောင်ချက်ရာခိုင်နှုန်း ၇၄ ဒသမ ၄၀ ရာခိုင်နှုန်းရှိကြောင်းနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၁၃၅ ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၃၂ ဦး၊ သုံးဘာသာဂုဏ်ထူးရှင် ၂၅ ဦး၊ လေးဘာသာဂုဏ်ထူးရှင် ၁၀ ဦး၊ ငါးဘာသာဂုဏ်ထူးရှင် ဦး၊ ခြောက်ဘာသာဂုဏ်ထူးရှင် ဦး စုစုပေါင်း ဂုဏ်ထူးရ ကျောင်းသား၊ ကျောင်းသူ ၂၁၀ ဦးရှိကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)