မင်းလှမြို့နယ်‌ ကိုင်းကျေးရွာတွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

အထက်မင်းလှ မတ် ၆

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်၊ ကိုင်းကျေးရွာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများမှ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ ဆွေးနွေးပွဲကို ယနေ့ နံနက် (၉) နာရီခွဲကကျေးရွာဓမ္မာရုံ၌ ပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင် ၊မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးမြတ်သူ၊ ဒုရဲမှူးစိုးခိုင်တို့က ပြည်သူ့စစ်မှုထမ်းဥပဒေပါ ပြဋ္ဌာန်းချက်များ၊ ပြည်သူ့စစ်မှုထမ်း ဥပဒေ၏ ရည်ရွယ်ချက်များ၊  စစ်မှုထမ်းစနစ်ကျင့်သုံးရသည့်  အကြောင်းအရင်းများ၊ ပြည်သူ့စစ်မှုထမ်းတို့၏ အကျိုးခံစားခွင့်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန် ကာလစသည်တို့အား ရှင်းလင်းပြောကြားခဲ့ပြီးပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိ‌ကောင်းစရာ လက်ကမ်းစာစောင်များ ဖြန့်‌ဝေ‌ပေးခဲ့သည်။

ယင်းနောက် ဆွေးနွေးပွဲတက် ရောက်လာသူများက ပြည်သူ့စစ်မှုထမ်းဥပ‌ဒေနှင့်ပတ်သက်၍ သိလိုသည်များကို မေးမြန်းခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ဇာဇာ(အထက်မင်းလှ)