သာပေါင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်းစစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ အမှတ်(၁၂)မြောင်းကူး ကွန်ကရစ် (ကုန်ထုတ်တံတား) တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေး

သာပေါင်း မတ် ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌမှ မတ်လ ၃ ရက်နေ့၊ညနေ ၃ နာရီခွဲအချိန်က ဂုံမင်း ကျေးရွာအုပ်စု၊ သဲဗွက်ကျေးရွာရှိ အမှတ် (၁၂) မြောင်းကူးကွန်ကရစ် (ကုန်ထုတ်တံတား) တည်ဆောက်ရေးလုပ်ငန်းခွင်အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးမှူးဦးဇော်ဇော်နိုင်တို့က ဂုံမင်း ကျေးရွာအုပ်စု၊ သဲဗွက်ကျေးရွာရှိ အမှတ် (၁၂) မြောင်းကူးတံတားအား ဆည်မြောင်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ပြည်ထောင်စုရန်ပုံငွေ ငွေလုံးငွေရင်းခွင့်ပြုငွေ (၆၅) သန်းဖြင့် B.B.B ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်လျက်ရှိသော (၄၀ ပေx၁၄ ပေ) RC ကွန်ကရစ် (ကုန်ထုတ်တံတား) ဆောက်လုပ်နေမှုလုပ်ငန်းအခြေအနေအား ကြည့်ရှူစစ်ဆေးခဲ့ကြပြီး အချိန်မီပြီးစီးရေး၊ သတ်မှတ်စံချိန်စံညွှန်းပြည့်မီရေး၊ လုပ်ငန်းခွင်အန္တရာယ်ကင်းရှင်းရေး၊ ပစ္စည်းများ အလေအလွင့်မရှိရေးတို့ကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မျိုးဇော်သိန်း

သာပေါင်း (ပြန်/ဆက်)