ဝါးခယ်မ မတ် ၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ယမန်နေ့နံနက် ၉ နာရီခွဲအချိန်က (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဟောပြောပွဲ၊ နံရံကပ်စားစောင်၊ စာအုပ်စာစောင်ပြပွဲများ၊ ပုံပြင်ပြော၊ ကဗျာရွတ်၊ စာစီစာကုံး၊ ပန်ချီနှင့်ဉာဏ်စမ်းပဟေဋိပြိုင်ပွဲများကို ကျင်းပပြုလုပ်ခဲ့သည်။
ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ အထိမ်းအမှတ်ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မူလွန်တိုးချဲ့သံကြိုးတိုင် ကျောင်းသား၊ ကျောင်းသူလေးများကို (၇၉) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ်နှင့်ပတ်သက်သည့် အကြောင်းအရာများအား ဟောပြောခြင်း၊ နံရံကပ်စာစောင်များပြသခြင်း၊ စာအုပ်စာစောင်များပြသခြင်း၊ ဉာဏ်စမ်းပဟေဋိပြိုင်ပွဲများကျင်းပပေးခြင်း၊ ပန်းချီပြိုင်ပွဲများပြုလုပ်ပေးခြင်း၊ စာစီစာကုံးပြိုင်ပွဲများကျင်းပပေးခြင်း၊ ပုံပြင်ပြောပြိုင်ပွဲများကျင်းပပေးခြင်း၊ ကဗျာရွတ်ဆိုပြိုင်ပွဲများကျင်းပ ဆောင်ရွက်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူလေးများမှ ပျော်ရွှင်စွာ ပါဝင်ယှဉ်ပြိုင်လျက်ရှိကြောင်းနှင့် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများချီးမြှင့်ခဲ့သည်။
ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူလူငယ်များအား အသိပညာဗဟုသုတမြင့်မားစေရန် ပြပွဲများ၊ ပြိုင်ပွဲများ၊ စာဖတ်ဝိုင်းများ၊ ဟောပြောပွဲများနှင့် Talk Show များပြုလုပ်၍ အသိပညာဗဟုသုတများရရှိစေရန် ဆောင်ရွက်ပေးလျက်ရှိသည်။
ဟိန်းထက်လင်း (ပြန်/ဆက်)