စစ်ကိုင်း မတ် ၅
စစ်ကိုင်းမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုထောက်ခံပွဲ အခမ်းအနားကို ယနေ့ နံနက် (၈)နာရီခွဲက စစ်ကိုင်းမြို့၊ ထူပါရုံဘုရားအနီး စုရပ်သက်မှတ်၍ ကျင်းပပြုလုပ်ခဲ့သည်။
ကြိုဆိုထောက်ခံပွဲ ကျင်းပရာတွင် စစ်ကိုင်းမြို့ ရပ်ကွက်နေပြည်သူများက “ပြည်သူ့စစ်မှုထမ်း ဥပဒေအား ကြိုဆိုထောက်ခံပါ၏”၊ “နိုင်ငံတော်ကိုပြည်တွင်း/ ပြည်ပအန္တရာယ်များ ကာကွယ်ဖို့ စစ်မှု ထမ်းဆောင်ကြပါစို့”၊ ပြည်သူ့စစ်မှုထမ်းဥပဒေများနှင့် ပတ်သက်သည့် အချက်အလက်များပါဝင်သည့် ဗီနိုင်းများ ကိုင်ဆောင်၍ လည်းကောင်း၊ “ ပြည်သူ့စစ်မှုထမ်းဥပဒေအား ကြိုဆိုပါ၏ ထောက်ခံပါ၏”၊ ဒို့ တာဝန်အရေးသုံးပါးဖြစ်သည့် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာ တည်တံ့ခိုင်မြဲရေး...ဒို့အရေး ဆိုသည့် ကြွေးကြော်သံများဖြင့် စုရပ်မှ ရွှေခြံလမ်း၊ ထိုမှတစ်ဆင့် ဇေယျာလမ်းနှင့် မြို့မဘောလုံးအားကစားကွင်းအတွင်း ဝင်ရောက်ခဲ့ကြသည်။
အဆိုပါ ဘောလုံးကွင်းအတွင်း အမျိုးသမီးတစ်ဦးက ပြည်သူ့စစ်မှုထမ်းဥပဒေများနှင့် ပတ်သက်၍ သိကောင်းစရာများကို ပြောကြားခဲ့ပြီး ဒို့တာဝန်အရေးသုံးပါး ကြွေးကြော်သံများဖြင့် ရုပ်သိမ်းခဲ့ကြကြောင်း သိရသည်။
စစ်ကိုင်းခရိုင်(ပြန်/ဆက်)