လေးမျက်နှာမြို့နယ်အတွင်းရှိ ဝါးတောကွင်းကျေးရွာတွင် ကုန်ထုတ်လမ်းဆောင်ရွက်မည်

လေးမျက်နှာ နိုဝင်ဘာ   ၄

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူနှင့်စီမံကိန်းတာဝန်ခံ အင်ဂျင်နီယာများက ယမန်နေ့ ညနေ(၃)နာရီအချိန်တွင် ဝါးတောကွင်း ကျေးရွာ၌ ကုန်ထုတ်လမ်းဖောက်လုပ်ခြင်းအတွက် သွားရောက်တိုင်းတာခဲ့ကြောင်း သိရသည်။

အဆိုပါလုပ်ငန်းဆောင်ရွက်ရာတွင် ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနမှ ကျေးလက်နေပြည်သူများ၏ ထုတ်ကုန်ပစ္စည်းများ ဈေးကွက်သို့ လျင်မြန်စွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် ဝါးတောကွင်းကျေးရွာ ကုန်ထုတ်လမ်း (မြေသားလမ်း)အရှည်(၁) မိုင်၊ အကျယ် ၁၂ ပေ၊ အမြင့် ၂ ပေဖောက်လုပ်ခြင်း၊ လမ်းပေါ်တွင် (မြေရောကျောက်)အရှည် (၁)မိုင်၊ အကျယ် (၁၀)လက်မ၊ထု (၉)လက်မ ဆောင်ရွက်မည့်လုပ်ငန်းကို ပြည်ထောင်စုဘတ်ဂျက်ခွင့်ပြုငွေကျပ် (၂၄.၇၄၀) သန်းဖြင့်ဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းကုန်ထုတ်လမ်း ပြီးစီးပါက ကျေးရွာ(၂) ရွာအတွက် စီးပွားရေး၊လူမှုရေး အဆင်ပြေချောမွေ့ ကောင်းမွန်မည်ဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဦးစိုးကျော်သူထံမှ သိရသည်။

ဝေဝေ(လေးမျက်နှာ)