တောင်တွင်းကြီးမြို့နယ် အသွားအလာကန့်သတ်စောင့်ကြည့်ရေးစခန်း ၀င်ရောက်နေသူ (၅၀)ဦး မှ ကြိုတင်ဆန္ဒမဲပေးခြင်း ဆောင်ရွက်

တောင်တွင်းကြီး နို၀င်ဘာ ၄

မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ် Facility Quarantine စင်တာများတွင် Quarantine ၀င်နေသူများအား ကြိုတင်ဆန္ဒမဲပေးခြင်းလုပ်ငန်းများကို ယမန်နေ့ နေ့လယ်(၂) နာရီအချိန်က  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့် အညီ ဆောင်ရွက် ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် Facility Quarantineများဖြစ်သည့် အ-ထ-က(၁)FQမှ(၂၆)ဦး၊ ညောင်ပင်လှFQမှ(၁၂)ဦးနှင့်ရတနာပင်စည်FQမှ(၁၂)ဦး စုစုပေါင်း(၅၀)ဦး(ကျား- ၂၂ ဦး၊ မ- ၂၈ ဦး) တို့ အား ကြိုတင်ဆန္ဒမဲပေးနိုင်ရေး သက်ဆိုင်ရာ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ၊ အတွင်းရေးမှူးနှင့် တာ၀န်ကျအထူးရဲတို့က ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

အဆိုပါ‌ Facility Quarantine ၀င်နေသူ (၅၀)ဦး ကြိုတင်မဲပေးနိုင်ရေးအတွက် မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၀င်များ၊  မြို့နယ်ကျန်းမာရေးမှူး ဦးခင်မောင်သင်းနှင့် ကျန်းမာရေး ၀န်ထမ်းများက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လမ်းညွှန်ချက်၊ ကျန်းမာရေး နှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)