ကြံခင်း နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့နယ် ပြည်သူ့ဆေးရုံသို့ Goldern Crown Gold Smith ကုမ္ပဏီ၊ ရွှေသရဖူရွှေပန်းထိမ်မှ ငွေကျပ်(၄၅၀၀၀၀)တန်ဖိုးရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး လုပ်ငန်းသုံးပစ္စည်းများ ပေးအပ်လှုဒါန်းခြင်းကို ယမန်နေ့ နံနက်ပိုင်းတွင် ကြံခင်းမြို့မြို့နယ် ပြည်သူ့ဆေးရုံ၌ လှူဒါန်းခဲ့ကြောင်းသိရသည်။
အဆိုပါ လှူဒါန်းခြင်းသည် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေး လုပ်ငန်းများတွင် အသုံးပြုရန် Goldern Crown Gold Smith ကုမ္ပဏီ၊ ရွှေသရဖူရွှေပန်းထိမ်(ရန်ကုန်)မှ ငွေကျပ်(၄၅၀၀၀၀) တန်ဖိုးရှိ PPEဝတ်စုံ(၂၀)စုံနှင့် တစ်ခါသုံးအရေးပေါ် အသက်ရှူအောက်ဆီဂျင်ဘူး(၁၀)ဘူးကို မြို့နယ်ပြည်သူ့ ကျန်းမာရေးနှင့် ကုသရေးမှူး ဒေါက်တာဝင်းနိုင်ထံသို့ ပေးအပ်လှုဒါန်းခဲ့ကြောင်းနှင့် မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ဂုဏ်ပြုမှတ်တမ်း လွှာပြန်လည်ပေးအပ်ခဲ့ကြောင်းသိရသည်။
မိုးမိုး(ပြန်/ဆက်)