ကြံခင်း နိုဝင်ဘာ ၄
ဧရာဝတီတိုင်းဒေသကြီး ကြံခင်းမြို့တွင် ၂၀၂၀ ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဦးစိုးနောင်နှင့် တာဝနှ်ရှိသူများက မဲရုံများ မီးဘေးလုံခြုံမှုရှိစေရေးအတွက် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များအား ညွှန်ကြားချက် များနှင့်အညီ ဆောင်ရွက်နိုင်ရန် ယမန်နေ့နေ့လယ်ပိုင်းက ကြံခင်းမြို့နယ် မီးသတ်ဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံမှာကြားခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ ဟင်္သာတခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဦးစိုးနောင်က ကြံခင်းမြို့နယ်အတွင်းရှိ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များနှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များအား မိမိဌာနလမ်းညွှန်ချက်များ၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နေထိုင်ဆောင်ရွက်ကြရန်၊ မဲရုံများအား မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေး၊ မီးဘေးလုံခြုံရေးအတွက် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ထားနိုင်ရေး မှာကြားခဲ့ကြောင်း သိရသည်။
ဆက်လက်ပြီး ကြံခင်းမြို့နယ် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးကိုကိုနိုင်နှင့် တပ်ဖွဲ့ဝင်များအား နှာခေါင်းစည်း Mask များအား ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ထို့နောက် ဟင်္သာခရိုင် မီးသတ်ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူးဦးစိုးနောင်နှင့် တာဝန်ရှိသူများက မြို့နယ်မီးသတ်ဦးစီးအရာရှိ ဦးကိုကိုနိုင်နှင့် မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲဥက္ကဋ္ဌ ဦးမြင့်လွင်နှင့်အတူ ကြံခင်းမြို့နယ် အတွင်းရှိ မဲဆန္ဒရှင်များ လုံခြုံစိတ်ချစွာ မဲပေးနိုင်ရန်သတ်မှတ်နေရာများအား လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
မိုးမိုး(ပြန်/ဆက်)