တောင်ငူ နိုဝင်ဘာ ၄
တောင်ငူအကျဥ်းထောင်မှ ကြိုတင်ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသည့် အချုပ်သား ၁၂၅ ဦးသည် ယနေ့နံနက်ပိုင်းက ကြိုတင်ဆန္ဒမဲ ပေးခြင်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ကြိုတင်ဆန္ဒမဲများ ကောက်ယူရာတွင်၎င်းအကျဉ်းမှာ အကြောင်းအမျိုးမျိုးကြောင့် အချုပ်ကျခံလျက်ရှိသည့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသည် အမျိုးသား (၁၁၄) ဦး နှင့် အမျိုးသမီး (၁၁) ဦး အားကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ ကိုဗစ် -၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့်အညီ ကြိုတင်မဲပေးနိုင်ရန် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ မှသွားရောက်ဆောင်ရွက်ခဲ့ကြောင်း မြို့နယ် ရွေးကောက်ပွဲကော်မရှင်ရုံးထံမှ သိရသည်။
တောင်ငူမြို့နယ်အတွင်း အသက် ၆၀ နှစ်နှင့် အထက် ကြိုတင်ဆန္ဒမဲ ပေးချင်သူများအတွက် စာရင်းကောက်ခံပြီး ရွေ့လျားစနစ်ဖြင့် ကြိုတင်မဲများ ကောက်ခံခြင်း ၊ အသက် ၆၀ နှစ်နှင့် အထက် ကြိုတင်ဆန္ဒမဲများကို ရပ်ကွက်ကျေးရွာ ကော်မရှင် အဖွဲ့ခွဲရုံးများ၌ ကောက်ခံလျက်ရှိပြီး မဲပေးခြင်း လုပ်ငန်းစဉ်တွေကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး လုပ်ငန်းစဉ်များနှင့်အညီ စီစဉ်ဆောင်ရွက် လျက်ရှိကြောင်း ၊ သက်မှတ်ရက်များတွင် ကြိုတင်ဆန္ဒမဲပေးရန် အကျုံးဝင်သည့် မဲဆန္ဒရှင်ပြည်သူများ ၊ Quarantine Center များ တွင် ကျန်းမာရေးစောင့်ရှောက်မှုခံယူနေရသည့် မဲဆန္ဒရှင် ပြည်သူများ အနေဖြင့် ဆန္ဒမဲပေးနိုင်မည့် အခွင့်အရေးမဆုံးရှုံးစေရန် သက်မှတ်နေရာများ အလိုက် ကြိုတင် ဆန္ဒမဲပေးနိုင်ရေးနှင့် နေအိမ်များတွင် ကြိုတင်ဆန္ဒမဲပေးနိုင်ရေး စီစဉ်ဆောင်ရွက်သွား မည်ဖြစ်ကြောင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ သိရှိရသည်။
တောင်ငူမြို့နယ်အနေဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စု(၆၄) အုပ်စုတွင် မဲရုံပေါင်း (၁၉၃)ရုံထားရှိသွားမှာ ဖြစ်ကာ ဆန္ဒမဲပေးနိုင်သူဦးရေ ( ၁၉၀၀၀၀) ကျော်ရှိကြောင်း မြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အဖွဲ့ခွဲရုံးထံမှ သိရသည်။
ဇော်ထက် (တောင်ငူ)