ပေါက်ခေါင်း မတ် ၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့ နယ်အတွင်းရှိ အသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ခရိုင် လူမှုဝန်ထမ်းဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်တတိယသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် လူမှုရေးပင်စင်ပေးအပ်ပွဲကို ယမန်နေ့ကအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ထိုသို့ထောက်ပံ့ပေးအပ်ရာတွင် မြို့နယ်အတွင်းရှိအသက် ၈၅ နှစ်အထက် သက်ကြီးဘိုးဘွားတစ်ဦးအတွက် တစ်လလျှင် တစ်သောင်းကျပ်နှုန်းဖြင့် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) သုံးလအတွက် ထောက်ပံ့ငွေသုံးသောင်းကျပ်ကို သက်ကြီးဘိုးဘွား (၇၂၄) ဦးအတွက် တစ်ဦးလျှင်သုံးသောင်းကျပ်နှုန်းဖြင့် စုစုပေါင်းထောက်ပံ့ငွေကျပ် (၂၁၇၂၀၀၀၀) ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့်တာဝန်ရှိသူများက ရပ်ကွက်ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် စာရေးများထံသို့ပေးအပ်ခဲ့ပြီး၊ ရပ်ကျေးအုပ်ချုပ်ရေးမှူးနှင့် စာရေးများမှ သက်ကြီးဘိုးဘွားများထံအရောက် ပြန်လည်ထောက်ပံ့ပေးအပ်မည်ဖြစ်ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)