ကလေးမြို့နယ်တွင် မဲရုံအလိုက်တာဝန်ထမ်းဆောင်ကြမည့်သူများနှင့် မဲဆန္ဒရှင်ပြည်သူများ အတွက် ကိုဗစ်-၁၉ကာကွယ်ရေးသုံးပစ္စည်းများဖြန့်ဝေ

ကလေး နိုဝင်ဘာ ၄

ကလေးမြို့တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကျင်းပရာတွင် မဲဆန္ဒ ရှင်ပြည်သူများ လုံခြုံစိတ်ချစွာမဲပေးနိုင်ရန်အတွက် ကိုဗစ်-၁၉ ကာကွယ်၊ထိန်းချုပ်၊ကုသ အမျိုးသားအဆင့်ဗဟိုကော်မတီမှပေးပို့သော ကိုဗစ်-၁၉ ကာကွယ်ရေးသုံးပစ္စည်းများကို ယမန်နေ့ နံနက်ပိုင်းမှစတင်ကာ ဖြန့်ဝေပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ ပေးအပ်ဖြန့်ဝေရာတွင် ကိုဗစ်ကာကွယ်ရေးသုံးပစ္စည်းများဖြစ်သည့် KN -95၊  Face Shield ၊Surgical Gowns၊ Coverrall ၊ Surgical Glove၊ Protective Mask ၊Goggle၊ Surgical  Gowns၊ Boot စသည့် ပစ္စည်းများကိုပေးအပ်ဖြန့်ဝေရာ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာ ကော်မရှင်မှ တာဝန်ရှိသူ များက လက်ခံရယူခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ကလေးမြို့တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက် ပွဲကျင်းပရာတွင် မဲဆန္ဒရှင်ပြည်သူများမဲပေးနိုင်ရန်အတွက် မဲရုံပေါင်း (၁၉၅)ရုံ နှင့်မဲဆန္ဒရှင် နှစ်သိန်းရှစ်သောင်းကျော်ရှိကြောင်းသိရသည်။

ထန်းဖုန်(ပြန်/ဆက်)