သရက်ခရိုင် ဆင်ပေါင်ဝဲမြို့ အမှတ်(၁)ရပ်ကွက်၌ မဲရုံသို့ ကြိုတင်ဆန္ဒမဲလာရောက်ပေးရန် အခက်အခဲ ရှိသည့်မဲဆန္ဒရှင်များအား ကြိုတင်ဆန္ဒမဲများ ကွင်းဆင်းကောက်ယူခြင်း ဆောင်ရွက်

ဆင်ပေါင်ဝဲ နိုဝင်ဘာ ၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် ၂၀၂၀- ပြည့်နှစ်၊ နိုဝင်ဘာလ ( ၈ ) ရက်နေ့တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအတွက် အသက်(၆၀) နှင့်အထက်သက်ကြီးဘိုးဘွားများနှင့် ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်း များအား ကြိုတင်ဆန္ဒမဲများကောက်ယူလျက်ရှိရာ အမှတ်(၁)ရပ်ကွက် တွင် မဲရုံသို့ ကြိုတင် ဆန္ဒမဲလာရောက်ထည့်ရန် အခက်အခဲရှိသည့် မဲဆန္ဒရှင်များအား ကြိုတင်ဆန္ဒမဲများ ကွင်းဆင်း ကောက်ယူခြင်းကို ယမန်နေ့နေ့လယ် ၁ နာရီက ကွင်းဆင်း ဆောင်ရွက်ခဲ့သည်။

ယင်းသို့ကွင်းဆင်းဆောင်ရွက်ရာတွင် သက်ဆိုင်ရာရပ်ကွက်ကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များက မဲရုံသို့ လာရောက်ရန်အခက်အခဲရှိသည့် သက်ကြီးဘိုးဘွားများ၊ နာမကျန်း သူများ၊ မီးဖွားသူများ၊ ကိုယ်အင်္ဂါမသန်စွမ်းသူများအား ကြိုတင်ဆန္ဒမဲပေးရန်အတွက် မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ ညွှန်ကြားချက်များနှင့်အညီ ကွင်းဆင်းကောက်ယူခြင်းဖြစ်ပြီး အမှတ်(၁)ရပ်ကွက်တွင် ကြိုတင်မဲဆန္ဒရှင်(၄၀၀)ဦးရှိကြောင်းသိရသည်။

အိဖြူဖြူမောင်(ပြန်/ဆက်)