ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက် မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂)တွင် ကြိုတင်မဲပေးခွင့် ရှိသူများမဲပေး

ကလိန်အောင် နိုဝင်ဘာ ၄

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင်ကလိန်အောင်မြို့ အမှတ် (၃) ရပ်ကွက် မဲရုံအမှတ်(၁) နှင့် မဲရုံ အမှတ်(၂)တွင် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ (၁၅၈) ဦးရှိကြောင်း ရပ်ကွက် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံးမှ သိရသည်။

အဆိုပါအမှတ်(၃) ရပ်ကွက်ရှိ မဲရုံအမှတ်(၁)နှင့် မဲရုံအမှတ်(၂)တွင် ဆန္ဒမဲပေးခွင့်ရှိသူ စုစုပေါင်း (၉၈၈) ဦးရှိပြီး အသက်(၆၀)နှစ်နှင့် အထက် ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ၊ ရွေးကောက်ပွဲ ကျင်းပသည့် နေ့တွင် မိမိအမည်စာရင်း ပါရှိသော မဲဆန္ဒနယ်မှ ကျော်လွန်၍ နိုင်ငံတော်တာဝန်များဖြင့် ခရီးသွား လာရန်ရှိသော နိုင်ငံ့ဝမ်ထမ်းများ၊ မဲရုံအသီးသီးတွင် တာဝန်ထမ်းဆောင်မည့် ဝန်ထမ်းများ (၁၅၈) ဦး ရှိကာ ကြိုတင်ဆန္ဒမဲပေးသူများအနေဖြင့် အောက်တိုဘာ ၂၉ ရက်နေ့မှ နိုဝင်ဘာ ၅ ရက်နေ့အထိ ကြိုတင်ဆန္ဒမဲများကို ရပ်ကွက်ကော်မရှင် အဖွဲ့ခွဲရုံးတွင် ကိုယ်တိုင်သွားရောက်ပေးနိုင်ပြီး၊ ကျန်မာရေးအခြေအနေအရ ကိုယ်တိုင်သွားရောက်ရန်ခက်ခဲပါက ရပ်ကွက်ကော်မရှင်အဖွဲ့ခွဲရုံး သို့ သတင်းပေးပို့လျှင် နေအိမ်တွင်ကြိုတင်မဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မိုးမိုးခိုင်