အထက်မင်းလှ မတ် ၄
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် ကျောင်းထိုင်ဆရာတော်ကြီးများ ဦးစီးကျင်းပသော (၄၄)ကြိမ်မြောက် ဝိနယာဓိက စာမေးပွဲအောင်မြင်တော်မူသော သံဃာတော်များအား အောင်လက်မှတ်နှင့် စာအောင်ဆုများ ဆက်ကပ်လှူဒါန်းပွဲကို ယနေ့နံနက်(၈)နာရီခွဲက မြို့မရပ်ကွက်၊ ရွှေဘုန်းသာဘုရားဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။
အခမ်းအနားတွင် ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များနှင့် ဧည့်ပရိတ်သတ်တို့က နမောတဿ(၃)ကြိမ် ရွတ်ဆိုကန်တော့ကြပြီး၊ ရတနာသီရိသံဖြူကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ခဲ့သည်။ ဆက်လက်၍ ဘုရားခြောက်ဆူကျောင်းတိုက်ဆရာတော်မှ လှူဒါန်းမှုအစုစုတို့အား ရေစက်သွန်းချ အမျှပေးဝေခဲ့သည်။ ထို့နောက် (၄၄)ကြိမ်မြောက် ဝိနယာဓိက စာမေးပွဲအောင်မြင်တော်မူသော သံဃာတော်များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ မြို့ပေါ်ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ အလှူရှင်များ၊ ရွှေဘုန်းသာဘုရားဂေါပကအဖွဲ့ဝင်များက သံဃာတော်များထံ အောင်လက်မှတ်နှင့် စာအောင်ဆု (နဝကမ္မဝတ္ထု)များ ဆက်ကပ်လှူဒါန်းခဲ့သည်။
မင်းလှမြို့နယ်တွင် ကျောင်းထိုင်ဆရာတော်ကြီးများ ဦးစီးကျင်းပသော (၄၄)ကြိမ်မြောက် ဝိနယာဓိကစာမေးပွဲ၌ မူလတန်းဆင့်(၄၉)ပါး၊ ပထမဆင့်(၁၆)ပါး၊ ဒုတိယဆင့်(၇)ပါး၊ တတိယဆင့်(၈)ပါး၊ စတုတ္ထဆင့်(၂)ပါး စုစုပေါင်း(၈၂)ပါးရှိကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)