မင်းလှ မတ် ၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် (၂၀၂၄) ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးခြင်းကို အ.ထ.က မင်းလှ(မြို့ပြင်)နှင့် အ.ထ.က စစ်ကွင်းကျောင်းတို့၌ ဆောင်ရွက်ပေးလျက်ရှိရာ တက္က သိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ လာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
အဆိုပါ ကတ်ပြားများ ထုတ်ပေးရာတွင် စာမေးပွဲ ဖြေဆိုမည့် ကျောင်းသား/ကျောင်းသူများ အားလုံးကို သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများကတဆင့် အတန်းပိုင်ဆရာမများ၏ ကြီးကြပ်မှုဖြင့် နေ့စဉ် ထုတ်ပေးသွားလျက်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မင်းလှမြို့နယ် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲတွင် ကျောင်းသားကျောင်းသူ အတွင်းဖြေ (၃၅၄)ဦး၊ အပြင်ဖြေ (၁၀) ဦး စုစုပေါင်း ၃၆၄ ဦးဝင်ရောက်ဖြေဆိုမည်ဖြစ်ပြီး၊ အ.ထ.က မင်းလှ(မြို့ပြင်) စာစစ်ဌာနနှင့် အ.ထ.က (စစ်ကွင်း) စာစစ်ဌာန နှစ်ခုထားရှိ၍ မတ်လ (၁၁) ရက်မှ (၁၉) ရက်နေ့ထိ စာမေးပွဲကြီးကို ဖြေဆိုကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
ပေါက်စ (ပြန်/ဆက်)