နတ်မောက်နိုဝင်ဘာ၄
မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် ၂၀၂၀ပြည့်နှစ်ပါတီစုံဒီမိုကရေစီအထွေထွေရွေး ကောက်ပွဲကြီးတွင်တာဝန်ထမ်းဆောင်ကြမည့်အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၆၂)ဦးအတွက် မီးသတ်ဝတ်စုံ များ ထောက်ပံ့ပေးခြင်းကို ယမန်နေ့ညနေ(၃)နာရီခန့်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့သည်။
နတ်မောက်မြို့နယ်၌ ၂၀၂၀ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီးကို မဲရုံပေါင်း (၂၈၁)ရုံဖွင့်လှစ်ကျင်းပသွားမည်ဖြစ်ပြီး မီးဘေးအန္တရာယ်နှင့် သဘာဝဘေးအန္တရာယ်များ ကာကွယ် နိုင်ရန်အတွက် အဆိုပါမဲရုံများတွင် တာဝန်ထမ်းဆောင်ကြမည့် အရန်မီးသတ်တပ်ဖွဲ့ဝင်(၅၆၂) ဦးအတွက် တစ်ဦးလျှင် မီးသတ်ဝတ်စုံ ( ၁ )စုံစီကို မြို့နယ်မီးသတ်ဦးစီးဌာနမှ ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း သိရသည်။
သင်းသင်းဝေ ( နတ်မောက်)