သဲကုန်းမြို့နယ်တွင် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်​ငွေထောက်ပံ့ပေးအပ်

သဲကုန်း မတ် ၄

ပဲခူးတိုင်းဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် လူမှုဝန်ထမ်းဦးစီးဌာန၏ (၂၀၂၃၊၂၀၂၄ ဘဏ္ဍာရေးနှစ်) ခွင့်ပြုရန်ပုံငွေဖြင့် ထောက်ပံ့ပေးအပ်သော အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများ၏ လူမှုရေးပင်စင်ငွေများအား ယမန်နေ့ကစ၍ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာအုပ်စုများ အရောက်ကွင်းဆင်းထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

သဲကုန်းမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်၊ ကျေးရွာအုပ်စု (၆၃) အုပ်ရှိ သက်ဆိုင်ရာရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများဖြင့် မြို့နယ်အတွင်းရှိ အသက် (၈၅) နှစ်နှင့်အထက် လူမှုရေးပင်စင်ထောက်ပံ့ငွေရရှိသော သက်ကြီးဘိုးဘွားများအား တစ်ဦးလျှင် လူမှုရေးပင်စင် ထောက်ပံ့ငွေကျပ် (၃၀၀၀၀) ကျပ်စီအား လက်ဝယ်အရောက် ကွင်းဆင်းထောက်ပံ့​ပေးခဲ့​ပြီး သဲကုန်းမြို့နယ်အနေဖြင့် ၂၀၂၃-၂၀၂၄ ခုနှစ် ဘဏ္ဍာရေးနှစ် တတိယ(၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ) လများအတွက် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွား (၁၂၅၀) ဦးအတွက် တစ်ဦးလျှင် လူမှုရေးပင်စင်ထောက်ပံ့ငွေ (၃၀၀၀၀) ကျပ်နှုန်းဖြင့် ​​ငွေကျပ် (၃၇၅၀၀၀၀၀) အားသက်ကြီးဘိုးဘွားများ လက်ဝယ်အရောက် ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ကိုကျော် (ပြန်/ဆက်)