ဘောဂလိမြို့တွင် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အတွက် ကြိုတင်ဆန္ဒမဲပေးခြင်း ဆက်လက်ဆောင်ရွက်

  ဘောဂလိ  နိုဝင်ဘာ ၄

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ဘောဂလိမြို့တွင်  ၂၀၂၀ပြည့်နှစ်  ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက်  ကြိုတင်ဆန္ဒမဲပေးပိုင်ခွင့်ရှိသူနှင့်  အသက်(၆၀)နှစ် နှင့်အထက်   မဲဆန္ဒရှင်များက  ကြိုတင်ဆန္ဒမဲထည့်ခြင်းကို မြို့ပေါ်ရပ်ကွက်(၄)ရပ်ကွက်နှင့်  ကျေးရွာအုပ်စုများတွင် ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း  သိရှိရသည်။ 

အဆိုပါ   ကြိုတင်ဆန္ဒမဲများပေးရာတွင်   အောက်တိုဘာလ (၂၉)ရက်နေ့မှ  နိုဝင်ဘာလ (၅) ရက်နေ့ အထိ  (၈)ရက်ကြာ  ပြုလုပ်ပေးလျက်ရှိပြီး   မဲရုံတာဝန်ရှိသူများမှ ကြိုတင် ဆန္ဒမဲပုံးများအား   လုံခြုံရေးကြိုးဖြင့်ချိတ်ပိတ်ခြင်း၊ ကြိုတင်မဲလာရောက်ထည့်သော   ပြည်သူများအား  ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏  လမ်းညွှန်ချက်နှင့် အညီ  ကြိုတင်ဆန္ဒမဲ လက်မှတ်များ စနစ်တကျထည့်စေခြင်းတို့ကို   ဆောင်ရွက်ပေးလျက်ရှိကြောင်း  သိရသည်။

ဘောဂလိမြို့တွင် မဲရုံပေါင်း  (၁၄)ရုံရှိပြီး  ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ စုစုပေါင်း (၁၀၆၀၆)ဦး ရှိကြောင်း  သိရှိရသည်။ 

မြို့နယ်(ပြန်/ဆက်)