မင်းဘူးခရိုင်၊စေတုတ္တရာမြို့နယ် အလယ်ဟန်ဒေါက်-ဘူးဇီးဖြူကုန်းကျေးရွာချင်းဆက်လမ်း ချောင်း ကျောက် စရစ်ခင်းခြင်း ရာနှုန်းပြည့်ပြီးစီး

စေတုတ္တရာ  နိုဝင်ဘာ   ၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် ၊ စေတုတ္တရာမြို့နယ် ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ မြို့နယ် အတွင်း၌ ကျေးလက်ဒေသများရှိ ဒေသခံပြည်သူများ သွားလာမှုအဆင်ပြေစေရန်နှင့် လယ်ယာထွက် ကုန်များ တင်ပို့ရောင်းချရာတွင် အဆင်ပြေလွယ်ကူစေရန်အတွက် ကျေးလက်လမ်းများကို အရှိန်အဟုန် မြှင့် တိုးချဲ့ဆောင်ရွက်လျက်ရှိရာ အလယ်ဟန်ဒေါက်-ဘူး-ဇီးဖြူကုန်း ကျေးရွာချင်းဆက်လမ်းအား ချောင်း ကျောက်စရစ်ခင်းခြင်းလုပ်ငန်း ဆောင်ရွက်ခဲ့ရာ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အလယ်ဟန်ဒေါက်-ဘူး-ဇီးဖြူကုန်း ကျေးရွာချင်းဆက်လမ်း လမ်းအရှည်(၁)မိုင်၊ အကျယ် (၁၆)ပေ ချောင်းကျောက်စရစ်ခင်းခြင်းလုပ်ငန်းအား ၂၀၁၉-၂၀၂၀ဘဏ္ဍာနှစ် တိုင်းဒေသကြီးခွင့်ပြု ရန်ပုံငွေကျပ် (၂၆)သန်းဖြင့် ၂၀၂၀ပြည့်နှစ် ဧပြီလ ၄ရက်နေ့မှ စတင်၍ မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ  တာဝန်ယူဆောင်ရွက်ခဲ့ရာ ယခုအခါ ရာနှုန်းပြည့် ပြီးစီးပြီဖြစ်ကြောင်း သိရသည်။

အဆိုပါ လုပ်ငန်းဆောင်ရွက်ပြီးစီးသောကြောင့် အလယ်ဟန်ဒေါက်ကျေးရွာ၊ ဘူးကျေးရွာနှင့် ဇီးဖြူကုန်း ကျေးရွာများမှ ဒေသခံပြည်သူများအတွက် ရာသီမရွေး သွားလာနိုင်ပြီး လမ်းပန်းဆက်သွယ်ရေး၊ ကျန်းမာရေးနှင့် လယ်ယာထွက်ကုန်များ တင်ပို့ရောင်းချရေးတို့အတွက် အထောက်အကူပြု မည်ဖြစ် ကြောင်း မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန ဦးစီးအရာရှိ(မြို့ပြ) ဒေါ်နိုင်နိုင်ရွှေထံမှ သိရ သည်။        

စည်သူလွင်(ပြန်/ဆက်)