သရက်ခရိုင် အောင်လံမြို့၌ နိုင်ငံသားကောင်းနှင့် မဲဆန္ဒရှင်အသိပညာပေး Online သင်တန်းဖွင့်လှစ်

အောင်လံ နိုဝင်ဘာ ၄

မကွေးတိုင်းဒေသကြီး သရက်ခရိုင် အောင်လံမြို့၌ Actionaid Myanmar နှင့် အောင်လံမြို့နယ် လူငယ်ရေးရာကော်မတီ တို့ပူးပေါင်း၍ နိုင်ငံသားကောင်းနှင့် မဲဆန္ဒရှင်အသိပညာပေး Online သင်တန်း ကို အောက်တိုဘာလ (၂၄)ရက်မှ (၂၆)ရက်နေ့ထိပထမအကြိမ်၊ (၂၇)ရက်မှ (၂၉)ရက်နေ့ထိ ဒုတိယ အကြိမ်နှင့် နိုဝင်ဘာ လ(၂)ရက်နေ့မှ (၄)ရက်နေ့ထိတတိယအကြိမ် ဖွင့်လှစ်ခဲ့ရာ တစ်ကြိမ်လျှင်သင် တန်းသား(၃၀) ဦးနှုန်းဖြင့် စုစုပေါင်း(၉၀)ဦးအား Online မှတဆင့် Zoom Appalication ဖြင့် အောင်လံ မြို့နယ်လူငယ်ရေးရာကော်မတီ အတွင်းရေးမှူး ဦးကြည်စိုးဟန်မှ ဦးစီး၍ဖွင့်လှစ်ပို့ချခဲ့ကြောင်း သိရပါသည်။

အဆိုပါသင်တန်းကို သင်တန်းနည်းပြဆရာ/ဆရာမ (၄)ဦးဖြင့် ဖွင့်လှစ်ပို့ချရာ သင်ခန်းစာများတွင် Actionaid Myanmar မှကူညီပံ့ပိုးမှုနှင့် လူငယ်ရေးရာကော်မတီအကြောင်းဆွေးနွေးခြင်း၊ သင်ခန်းစာ မိတ်ဆက်ခြင်း၊ လူငယ်အသံနှင့် ပူးပေါင်းဆောင်ရွက်မှုများဆွေးနွေးခြင်း၊ ဒီမိုကရေစီအကြောင်း မိတ်ဆက်ခြင်း၊ ဒီမိုကရေစီအင်္ဂါရပ်များ၊ ဆုံးဖြတ်ချက်ချမှတ်ခြင်း၊ ကျွန်ုပ်နှင့်မြန်မာနိုင်ငံအစိုးရ၊ ခေါင်းဆောင်မှုမိတ်ဆက်၊ ရွေးကောက်ခံကိုယ်စားလှယ်များသင်ခန်းစာနှင့် လေ့လာခြင်း၊ နှီးနှော ပြောဆိုခြင်း၊ ရွေးကောက်ပွဲဆိုင်ရာများ ပြောဆိုမိတ်ဆက်ခြင်း၊ လူငယ်မဲဆန္ဒရှင်များ ရွေးကောက်ပွဲ တွင်ပါဝင်ခြင်း(၁)ပထမပိုင်း၊ လူငယ်မဲဆန္ဒရှင်များ ရွေးကောက်ပွဲတွင်ပါဝင်ခြင်း(၁)ဒုတိယပိုင်း၊ လူငယ်မဲ ဆန္ဒရှင်များရွေးကောက်ပွဲတွင်ပါဝင် ခြင်း(၂)ပထမပိုင်း၊ လူငယ်မဲဆန္ဒရှင်များရွေးကောက်ပွဲ တွင်ပါဝင် ခြင်း(၂)ဒုတိယပိုင်း၊ မရှင်းလင်းသည့်အကြောင်း အရာများအပေါ် သင်တန်းသားများမှမေးမြန်းခြင်း၊ သင်တန်းတက်ရောက်သူများအားသင်ခန်းစာပါ ဗဟုသုတအချက်အလက် များအား ပြန်လည်မျှ ဝေခြင်းနှင့် သင်တန်းအပေါ်ပြန်လည်ဆွေးနွေးသုံးသပ်မှုများပြောကြားခဲ့ပြီး သင်တန်းချိန် များကို နံနက်(၉)နာရီမှ ညနေ(၃)နာရီအထိဖွင့်လှစ်ပို့ချခဲ့ရာ ယနေ့ညနေပိုင်းတွင် သင်တန်းကာလပြီးဆုံးပြီ ဖြစ်ကြောင်းသိရသည်။

မျိုးသိန်း(ပြန်/ဆက်)