သာယာဝတီမြို့တွင် လေဘေးသင့်ပြည်သူများနှင့်ကမ်းပြိုဘေးမှကြိုတင်ပြောင်းရွှေ့ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

သာယာဝတီ      နိုဝင်ဘာ ၄

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု  ဦးစီးဌာန၊ မိုးညိုမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် နိုဝင်ဘာလ ၃ ရက်နေ့လယ် ၁၂ နာရီက စံရွေးကျေး ရွာအုပ်စု၊ စံရွေးကျေးရွာ၊ ရွှေဘုန်းပွင့်ဘုရားတန်ဆောင်းအတွင်း၌  အောက်တိုဘာလ ၂၆ ရက်နှင့်၂၇ရက်နေ့၌ သာယာဝတီမြို့နယ်ရှိကျေးရွာအုပ်စု(၆)အုပ်စု၊ ကျေးရွာ(၁၁)ရွာတို့တွင် ဖြစ်ပွားခဲ့သော လေဘေးမှ ပြိုလဲနေအိမ်(၅)လုံး၊ အမိုးလန်နေအိမ်(၆၀)လုံးအတွက် အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၁၇၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၆၅)စုရှိ လူဦးရေ (၂၈၂)ဦးအတွက် ဆန်ရိက္ခာ(၇)ရက်စာဖိုး ထောက်ပံ့ငွေ (၅၉၂၂၀၀) ကျပ်၊စုစုပေါင်းထောက်ပံ့ငွေ (၂၂၉၂၂၀၀)ကျပ်၊ကယ်ဆယ်ရေးပစ္စည်း(၁၆)မျိုး (၅)အိမ်ထောင်စာနှင့် အောက်တိုဘာလ ၂၄ ရက်နေ့တွင် ကျေးရွာ (၂)ရွာတွင် ဖြစ်ပွားခဲ့သော  ကမ်းပြိုဘေးမှ ကြိုတင်ပြောင်းရွှေ့ နေအိမ်(၂)လုံးအတွက်အိမ်ဆောက်ပစ္စည်းဖိုးထောက်ပံ့ငွေ (၂၀၀၀၀၀)ကျပ်၊ အိမ်ထောင်စု(၂) စုရှိ လူဦးရေ(၁၁)ဦး တို့အတွက် ဆန်ရိက္ခာ (၇)ရက်စာဖိုးထောက်ပံငွေ (၂၃၁၀၀)ကျပ်၊ စုစုပေါင်းထောက်ပံ့ငွေ (၂၂၃၁၀၀)ကျပ်နှင့် ကယ်ဆယ်ရေးပစ္စည်း(၁၁)မျိုး(၂)အိမ်ထောင်စာ အားထောက်ပံ့ပေးအပ်ခဲ့ရာ သာယာဝတီမြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူး ဦးအားလွန်နှင့်ဝန်ထမ်းများ ၊မြို့နယ်ကျေး လက်ဒေသ ဖွံ့ဖြိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး၊ သက်ဆိုင်ရာဘေးသင့်ဒေသမှ ကျေးရွာအုပ်စု များမှအုပ် ချုပ်ရေးမှူးများ၊ ဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန့်ဇော်(သာယာဝတီ)

Ph-09423664471