မော်လိုက်ခရိုင် ဖောင်းပြင်မြို့နယ်တွင် “ဘေးကင်းလုံခြုံစွာဆန္ဒမဲပေးပါ” ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေ

ဖောင်းပြင် နိုဝင်ဘာ ၄


စစ်ကိုင်းတိုင်းဒေသကြီးမော်လိုက်ခရိုင်ဖောင်ပြင်မြို့တွင်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ပံ့ပိုးကူညီမှုဖြင့်ဖောင်းပြင်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့်မြို့နယ်လူငယ်ရေးရာကော်မတီတို့ပူးပေါင်း၍ရွေးကောက်ပွဲဆိုင်ရာအသိပညာပေး “ဘေးကင်း လုံခြုံစွာ ဆန္ဒမဲပေးပါ”  လက်ကမ်းစားစောင်များကို ယနေ့နံနက်(၈)နာရီက ဖောင်းပြင်မြို့ စည်ပင် သာယာ မြို့မစျေး/ယာယီပျံကျစျေးတို့၌ဖြန့်ဝေခဲ့ကြောင်းသိရသည်။

ရွေးကောက်ပွဲဆိုင်ရာ အသိပညာပေးလက်ကမ်းစာစောင်တွင် ဆန္ဒမဲမပေးခင် သင်ကူညီဆောင်ရွက်နိုင်သည့် အချက်များ၊ရွေးကောက်ပွဲကျင်းပသည့်နေ့တွင်သွားရောက်ဆန္ဒမဲပေးနိုင်ရန်မိမိ၏မဲရုံကိုသေချာစွာမှတ်သားပါ၊ ဆန္ဒမဲပေးရန်မသွားရောက်မီကြိုတင်၍လက်ကိုစက္ကန့်(၂၀)ကြာအောင်စနစ်တကျဆေးကြောပါ၊မဲရုံပြင်ပတွင် ကပ်ထားကြေညာသည့်မဲဆန္ဒရှင်စာရင်း၌မိမိအမည်ကိုရှာဖွေ၍မဲစာရင်းအမှတ်စဥ်ကိုမှတ်သားထားပါကမဲရုံ အတွင်းဝင်ရောက်သည့်အခါမိမိအမည်အားလွယ်ကူစွာရှာဖွေနိုင်ခြင်း/မဲရုံပြင်ပနှင့်မဲရုံအတွင်းတစ်ဦးနှင့်တစ်ဦး (၆)ပေအကွာတွင်နေပါ၊ဖြစ်နိုင်ပါကမိမိ၏ကိုယ်ပိုင်ပါးစပ်နှင့်နှာခေါင်းစည်း(mask)အသုံးပြုပါ၊မဲရုံသို့မိမိ၏ကိုယ် ပိုင်ဘောပင်ယူဆောင်လာပါ၊မဲရုံအတွင်းရှိရေမလိုလက်သန့်ဆေးရည်(handsanitizer)ကိုအသုံးပြုပါ၊မဲရုံဝန်ထမ်းများ၏ညွှန်ကြားချက်များကိုလိုက်နာဆောင်ရွက်ပါ/COVID19ကြောင့်သင်၏ဆန္ဒမဲပေးပိုင် ခွင့်ကိုမဆုံးရှုံးပါစေနဲ့၊ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များကိုလိုက်နာပါ၊သင်နှင့်သင့်ပတ် ဝန်းကျင်ကိုဘေးကင်းလုံခြုံပါစေစသည့်အချက်များပါဝင်ကြောင်းသိရသည်။
ဇော်လင်းအောင်(ဖောင်းပြင်)