ကျောက်ကြီး နိုဝင်ဘာ ၃
ပဲခူးတိုင်းဒေသကြီးတောင်ငူခရိုင်-ကျောက်ကြီးမြို့နယ်တွင် ၂၀၂၀-ပြည့်နှစ်ပါတီစုံ ဒီမိုကရေစီအထွေ ထွေေရွေးကောက်ပွဲအတွက်ကြိုတင် ဆန္ဒမဲကောက်ယူမှု၌မြို့နယ်ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ ယမန်နေ့နံနက် ပိုင်းမှစတင်၍ ပူးပေါင်းပါဝင်ဆောင်ရွက်ပေးခဲ့ကြသည်။
ကျောက်ကြီးမြို့နယ်၌ ၂၀၂၀-ပြည့်နှစ်ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက်မြို့နယ်ရွေး ကောက်ပွဲကော်မရှင် အဖွဲ့ခွဲနှင့်ရပ်ကျေးကော်မရှင် အဖွဲ့ခွဲတို့ကြိုတင် ဆန္ဒမဲကောက်ယူနေမှုတွင် ကြက်ခြေနီ တပ်ဖွဲ့ ဝင်များက ဆန္ဒမဲလာရောက်ထည့်ကြသည့် သက်ကြီးရွယ်အိုများ၊ မသန်စွမ်းသူများနှင့်ရပ် ကျေးကော် မရှင် အဖွဲ့ခွဲရုံးသို့လာရောက်မဲမပေးနိုင်သူများအားနေ အိမ်အရောက်ဆန္ဒမဲပေးသူများကို ကျန်းမာရေးနှင့် အားကစားဝန် ကြီးဌာန၏လမ်းညွှန်ချက်နှင့်အညီကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက်လက်ဆေး ပေးခြင်း၊ အပူချိန် တိုင်းပေးခြင်း၊ Mask (နှာခေါင်းစည်း) များတပ်ပေးခြင်း လိုအပ်သည့် ကူညီမှုများ အားပြုလုပ်ဆောင်ရွက်ပေးခဲ့ ကြောင်းသိရသည်။
K ခိုင် ပြန်/ဆက်