ဟင်္သာတမြို့နယ်အတွင်း ဖွင့်လှစ်ထားသော ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် Private School များသို့ တာဝန်ရှိသူများကွင်းဆင်းစစ်ဆေး

ဟင်္သာတ မတ် ၂

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ဟင်္သာတမြို့နယ်အတွင်းဖွင့်လှစ်ထားသော ကိုယ်ပိုင်အထက်တန်းကျောင်းများနှင့် Private School များသို့ တိုင်းဒေသကြီးပညာရေး ဌာနမှတာဝန်ရှိသူများနှင့် ခရိုင်မြို့နယ်အဆင့်တာဝန်ရှိသူများက ယမန်နေ့နေ့လယ်ပိုင်းတွင် အဆိုပါ​ကျောင်းများသို့ ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ထိုသို့စစ်ဆေးရာတွင် ဧရာဝတီတိုင်းဒေသကြီးမှ တိုင်းပညာရေးမှူး ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးတိုးဝင်း ဦးဆောင်သောအဖွဲ့နှင့် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးညွန့်ဆန်းထွန်း၊ ခရိုင်ပညာရေးမှူး ဦးတိုးဝင်း၊ မြို့နယ်ပညာရေးမှူး ဒေါ်​ခင်နှင်းယုတို့အဖွဲ့သည် ဟင်္သာတမြို့၊ သုံးပင်ကွင်းရပ်ကွက်ရှိ၊ ဂုဏ်ထူးပန်းခင်းကိုယ်ပိုင်အထက်တန်းကျောင်း၊ ကနောင်စုရပ်ကွက်ရှိ ကြယ်တံခွန်ကိုယ်ပိုင်အထက်တန်းကျောင်း၊ ရုံးကြီးရပ်ကွက်ရှိ family private school တို့အား သွားရောက်၍ ကွင်းဆင်းစစ်ဆေးကာ အမိန့်ညွန်ကြားချက်များ၊လမ်းညွှန်မှုများ သတ်မှတ်စည်းကမ်းများနှင့်အညီဖွင့်လှစ်ဆောင်ရွက်ကြရန် သက်ဆိုင်ရာကျောင်းတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းခဲ့ကြကြောင်း သိရသည်။

ခရိုင်၊ ပြန်/ဆက်(ဟင်္သာတ)