အုတ်တွင်း မတ် ၂
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ဌာနဆိုင်ရာများသက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်းဆွေးနွေးပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သီရိရတနာခန်းမ၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ခေတ္တ)ဥက္ကဋ္ဌ ဗိုလ်မှူးမြင့်ဇော်က ပါဠိပထမပြန် စာမေးပွဲအောင်မြင်စွာကျင်းပနိုင်ရေး၊ တက္ကသိုလ်ဝင်စာမေးပွဲ ဝင်ရောက်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများ ဘေးကင်းလုံခြုံစွာဖြေဆိုနိုင်ရေး၊ ပူပြင်းခြောက်သွေ့သော နွေရာသီရောက်ရှိလာပြီဖြစ်၍ မီးဘေးအန္တရာယ် ကင်းရှင်းရေးကြိုတင် ပြင်ဆင်ဆောင်ရွက်ထားရှိရန်၊ ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ မြို့သန့်ရှင်းသာယာလှပရေး ဌာနဆိုင်ရာများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ရန်ပြောကြားပြီး အခမ်းအနားသို့ တက်ရောက်လာကြသော ဌာနဆိုင်ရာများမှ သက်ဆိုင်ရာကဏ္ဍအလိုက် ပေါင်းစပ်ညှိနှိုင်း ဆွေးနွေးကြသည်။
ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့(ခေတ္တ)ဥက္ကဋ္ဌ ဗိုလ်မှူးမြင့်ဇော်က မြို့နယ်အေးချမ်းသာယာရေးအတွက် အဘက်ဘက်မှမျက်ခြည်မပြတ် တာဝန်သိစွာ ပြည်သူ့အကျိုးရှေးရှု၍ ပူးပေါင်းဆောင်ရွက်ကြရန် ဌာနဆိုင်ရာများအားမှာကြားပြီး ဆွေးနွေးပွဲကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။
အေမင်းရည်စော(ပြန်/ဆက်)