ကန့်ဘလူခရိုင် ကျွန်းလှမြို့နယ် လျှပ်စစ်အင်ဂျင်နီယာရုံးမှ မဲရုံများတွင် အသုံးပြုရန် မီးသီးလုံး များလှူဒါန်း

ကျွန်းလှ နိုဝင်ဘာ ၄

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ကျွန်းလှမြို့နယ်လျှပ်စစ်အင်ဂျင်နီယာရုံးမှ မဲရုံများတွင် အသုံးပြုရန်မီးသီးလုံးများကို ယမန်နေ့က မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ လှူဒါန်း ကြောင်းသိရသည်။

         ၂၀၂၀ပြည့်နှစ်၊နိုဝင်ဘာ(၈)ရက်နေ့တွင်ကျင်းပမည့်ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ၌မဲရုံများဓာတ်အားပြတ်တောက်မှုကြောင့်အခက်အခဲမဖြစ်စေရေးအတွက် MITSUYAMA 20W မီးသီး(၉၁)လုံးလှူဒါန်းကြောင်းမြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦးဇော်ထွန်းသန်းကပြောကြားသည်။

             ကျွန်းလှမြို့နယ်တွင်ရပ်ကွက်လေးရပ်ကွက်၊ကျေးရွာအုပ်စု(၃၄)အုပ်စု၊ကျေးရွာပေါင်း(၁၁၄)ရွာရှိ

ပြီး၊မဲရုံပေါင်း(၉၁)ရုံရှိကြောင်းမြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှသိရသည်။

မျိုးဝင်းညို (ကျွန်းလှ)