မုံရွာခရိုင် အရာ​တော်မြို့တွင် ၂၀၂၀ပြည့်နှစ် အ​ထွေ​ထွေ​ရွေး​ကောက်ပွဲအတွက် လုံခြုံ​ရေး စီမံ ခန့်ခွဲမှုဆိုင်ရာ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

အရာ​တော်  နိုဝင်ဘာ

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာ​တော်မြို့နယ်တွင် ၂၀၂၀ ပြည့်နှစ်၊ ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ​အောင်မြင်စွာကျင်းပနိုင်​ရေးအတွက် လုံခြုံ​ရေးဆိုင်ရာ ညှိနှိုင်း ဆွေးနွေးပွဲကို ယမန်​​နေ့ နံနက် ၁၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန  အစည်းအ​ဝေးခန်းမတွင် ကျင်းပသည်။

ရှေးဦးစွာ မြို့နယ်​​ရွေး​ကောက်ပွဲဆိုင်ရာ လုံခြုံ​ရေးစီမံခန့်ခွဲမှု​ကော်မတီဥက္ကဌ ဦးသိုက်ထွန်း ကအ​​ထွေ​​ထွေရွေး​ကောက်ပွဲ ကာလအတွင်း လုံခြုံရေးကိစ္စရပ်များနှင့် စပ်လျဥ်း၍ ကြိုတင် ပြင်ဆင် ​ဆောင်ရွက်ထားရှိမှု အ​ခြေအ​နေများကို ချပြဆွေး​နွေးခဲ့ပြီး ရွေး​ကောက်ပွဲ​နေ့တွင် မဲစာရင်းစိစစ် လက်ခံ​ရေးလုပ်ငန်း ဆောင်ရွက်ရာ တွင် အဆင်​ပြေမှုရှိ​စေရန်ကြိုတင်ပြင်ဆင် ​​ဆောင်ရွက် ထားရှိရမည့် အ​ခြေအ​နေများကိုညှိနှိုင်း​ဆွေး​နွေးကာ  ဒုတိယဥက္ကဋ္ဌ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးရဲလွင်က နယ်​မြေခံရဲတပ်ဖွဲ့ဝင်များနှင့် အထူးရဲများအား ဇုံ ( ) ဇုံသတ်မှတ်၍ လုံခြုံ​ရေးတာဝန်​ ပေးအပ်ထားမှု အ​ခြေအ​နေများ ​​ရွေး​ကောက်ပွဲ​နေ့တွင် မဲရုံလုံခြုံ​ရေးနှင့်နယ်​မြေလုံခြုံ​ရေး​ဆောင်ရွက်သွားမည့်အ​ခြေအ​နေများကို ရှင်းလင်း​ဆွေး​နွေးသည်။

 ​ဆက်လက်ပြီး မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးတင့်​ဆွေက ၂၀၂၀ပြည့်နှစ် အ​ထွေ​ထွေ​ရွေး​ကောက်ပွဲ ​အောင်မြင်စွာကျင်းပနိုင်​ရေး ကြိုတင်ပြင်ဆင်​ဆောင်ရွက်​နေမှု အ​ခြေအ​နေများကို ရှင်းလင်း​ပြောကြားကာ မြို့နယ်​ရွေး​ကောက်ပွဲ ​ကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး​ဒေါ်ဇာဇာခိုင်က ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက်  ပြည်​​ထောင်စု​ရွေး​ကောက်ပွဲ​ကော်မရှင်နှင့်တိုင်း​ဒေသကြီး/ခရိုင်ရွေး​ကောက်ပွဲ​ကော်မရှင်အဖွဲ့ခွဲ တို့၏ ညွှန်ကြား ချက်များကို ​ဆွေး​နွေးတင်ပြခဲ့ပြီး တက်​​ရောက်လာသူများက ​ရွေး​ကောက်ပွဲတွင် မဲစာရင်း စိစစ်လက်ခံ​ရေးနှင့် ပတ်သက်သည့်ကိစ္စရပ်များကိုဖြည့်စွက်ညှိနှိုင်း​ ဆွေး​​နွေးခဲ့ကြ​ကြောင်း သိရသည်။

နွယ်နီမြင့်