စုကလိမြို့တွင် ကြိုတင်မဲပေးခွင့်ရှိသူမဲဆန္ဒရှင်များ ကြိုတင်ဆန္ဒမဲပေးလျက်ရှိ

စုကလိ၊ နိုဝင်ဘာ ၃

ကြိုတင်ဆန္ဒမဲပေးခွင့်ရှိသူ မဲဆန္ဒရှင်များအနေဖြင့် ကရင်ပြည်နယ်၊ မြဝတီခရိုင်၊ စုကလိမြို့ရှိ သတ်မှတ်မဲရုံ အသီးသီးတွင် အောက်တိုဘာလ၂၉ ရက်နေ့မှစတင်၍ လာရောက်ဆန္ဒမဲများပေးလျက် ရှိသည်။

ထိုသို့ကြိုတင်မဲပေးရာတွင် စုကလိမြို့၊ အမှတ် (၁) ရပ်ကွက်နှင့် တာအုပ်ကျေးရွာအုပ်စုရှိ မဲဆန္ဒရှင်များက စုကလိမြို့မဲရုံအမှတ် ၁ တွင်လည်းကောင်း၊ မဲကုလားကျေးရွာအုပ်စုနှင့် မိပါးကျေးရွာအုပ်စုရှိ မဲဆန္ဒရှင်များက ဝါးမီးထမဲရုံအမှတ် ၁ တွင်လည်းကောင်း လာရောက်ကြိုတင်ဆန္ဒမဲပေးကြပြီး နိုဝင်ဘာလ ၂ ရက်နေ့ ညနေအထိ ကြိုတင်မဲပေးသူပေါင်း ၂၆၇ ဦးရှိကြောင်း သိရသည်။

ဇော်နိုင်လင်း(ပြန်/ဆက်)