ကော့သောင်း၊ နိုဝင်ဘာ ၃
နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့(INTERNATIONAL ELECTION OBSERVERS) မှ နိုင်ငံခြားသားတစ်ဦး ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့နယ် ရပ်ကွက်များအတွင်း အသက်ခြောက်ဆယ်နှင့် အထက်မဲဆန္ဒရှင်ပြည်သူများ ကြိုတင်ဆန္ဒမဲပေးနေမှုအခြေအနေများအား ရပ်ကွက် ကော်မရှင်အဖွဲ့ခွဲရုံးများရှိ မဲရုံများသို့ လာရောက်လေ့လာကြည့်ရှုခဲ့ကြောင်းသိရသည်။
လာရောက်လေ့လာကြည့်ရှုသည့် နိုင်ငံတကာ ရွေးကောက်ပွဲ လေ့လာရေးအဖွဲ့(INTERNATIONAL ELECTION OBSERVERS) မှ နိုင်ငံခြားသားမှာပြင်သစ်နိုင်ငံသား အသက်(၄၆)နှစ်အရွယ် Mr.Vincent Sylvian Ericjalabert ဆိုသူဖြစ်ပြီး၎င်းနှင့်အတူ စကားပြန်ဖြစ်သူ ဦးသုခ ၊ဗဟန်းမြို့နယ်၊ရန်ကုန်မြို့ နေသူတို့ နှစ်ဦးသည် ဦးစည်သူထွန်း၊ လှိုင်သာယာမြို့နယ်နေသူ မောင်းနှင်သည့် ငွေရောင် SURF ကားဖြင့် မြိတ်မှ တဆင့် ကော့သောင်းသို့ ရောက်ရှိ ကာ ယနေ့နံနက်ပိုင်းက ကြိုတင်ဆန္ဒမဲပေးလုပ်ငန်းများ ဆောင်ရွက်လျှက်ရှိသည့် ကော့သောင်းမြို့ပေါ်ရပ်ကွက် များဖြစ်သည့် အဏ္ဏဝါရပ်ကွက်၊ ရွှေဟင်္သာရပ်ကွက်၊ ရွှေဇင်ယော်ရပ်ကွက်နှင့် အေးရိပ်ငြိမ် ရပ်ကွက် များရှိ မဲရုံများသို့ သွားရောက်ပြီး အသက်ခြောက်ဆယ်နှင့်အထက်မဲဆန္ဒရှင်ပြည်သူများ ကြိုတင် မဲပေးနေသည့်အခြေအနေများအား မဲပေးမှုလုပ်ငန်းစဉ်များ ဥပဒေနှင့်ညီညွှတ်မှုရှိမရှိ၊ ပွင့်လင်း မြင်သာမှုရှိမရှိကို လေ့လာခဲ့ပြီး စကားပြန်မှတဆင့် သိလိုသည်များကို သက်ဆိုင်ရာရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့်မဲရုံတာဝန်ရှိသူများအား မေးမြန်းခဲ့ကြောင်း သိရသည်။
ကျော်စိုး (ကော့သောင်း)