ပလောက် နိုဝင်ဘာလ ၃
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင် ၊ ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာန၌ ယနေ့နံနက်(၈)နာရီက မွေးကင်းစမှ(၂)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင် မိခင် များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။
ရှေးဦးစွာ ပလောက် တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမ ဒေါ်သန်းဌေးက ကာကွယ်ဆေး ထိုးနှံတိုက်ကျွေးပေးရခြင်းနှင့် ပတ်သက်၍ကာကွယ်နိုင်သည့်ရောဂါများအကြောင်းကို အသိ ပညာပေးဆောင်ရွက်ခဲ့သည်။
ထို့နောက် ကာကွယ်ဆေးထိုးနှံ တိုက်ကျွေးပေးခြင်းကို ပလောက်မြို့ တိုက်နယ်ကျန်းမာရေးဌာနမှ ဆရာမဒေါ်သန်းဌေးနှင့် ပြည်သူ့ကျန်းမာရေး ကြီးကြပ်-၂ တို့မှ အမှတ်(၁) ရပ်ကွက် အတွင်းရှိကလေးငယ်များအား ပေါင်ချိန်ပေးခြင်း၊ ဝက်သက်-ဂျိုက်သိုးရောဂါ ၊ဂျပန်ဦးနှောက် ရောင်ရောဂါပုံမှန်ကာကွယ်ဆေး တိုက်ခြင်း၊ ဘီစီဂျီကာကွယ်ဆေး၊ ငါးမျိုးစပ်ကာကွယ်ဆေး၊ ပြင်းထန်အဆုတ်ရောင် ကာကွယ်ဆေး၊ ပိုလီယိုကာကွယ်ဆေး ၊ ပိုလီယိုအစက်ချ ကာကွယ်ဆေး ၊ နှင့်ကိုယ်ဝန်ဆောင် မိခင်များအား မေးခိုင်ရောဂါ ကာကွယ်ဆေးတို့ကို ထိုးနှံတိုက်ကျွေးခဲ့ကြောင်း သိရသည်။
နှင်းမြူလွင် (ပြန်ဆက်)