ကျောင်းကုန်းမြို့၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

ကျောင်းကုန်း ဖေဖော်ဝါရီ ၂၉

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့၌ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာ သတင်းစကား လက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက မြို့မဈေးထိပ်တွင် ဌာနဆိုင်ရာပူးပေါင်းအဖွဲ့မှ အခမဲ့ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာသတင်းစကား လက်ကမ်းစာစောင်တွင် ဗိုလ်ချုပ်အောင်ဆန်း (၁၃-၇- ၁၉၄၇) ရက်နေ့တွင် မြို့တော်ခန်းမကြီးတွင်ကျင်းပသည့် ပြည်သူ့အစည်းအဝေးကြီး၌ ပြောကြားသောမိန့်ခွန်းမှ ကောက်နုတ်ချက်၊ စစ်မှုထမ်းရမည့် အသက်အရွယ်ရောက်သူ၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ စုံစမ်းမေးမြန်းနိုင်၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို၊ တပ်မတော်အင်အားရှိမှတိုင်းပြည်အင်အားရှိမည်၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်းစနစ် ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ စသည်တို့ကို အရောင်အသွေးစုံလင်စွာဖြင့် ဖော်ပြထားကြောင်း သိရသည်။

ဝင်းကြိုင် (ပြန်/ဆက်)