ဖျာပုံ ဖေဖော်ဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိစေရန် မြို့နယ်အတွင်းရှိ လမ်းသွားလမ်းလာပြည်သူများအား ယနေ့ နံနက်ပိုင်းအချိန်က ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ လက်ကမ်းစာစောင်များကို မြို့နယ်အတွင်း အခမဲ့လိုက်လံဖြန့်ဝေပေးကြသည်။
အဆိုပါ လက်ကမ်းစာစောင်များဖြန့်ဝေရာတွင် ဖျာပုံခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့မှ တာဝန်ရှိသူများ၊ ဖျာပုံခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်မာမာလွင်နှင့် ဝန်ထမ်းများသည် ပြည်သူများ သိရှိနားလည်နိုင်စေရန် ပြည်သူ့စစ်မှုထမ်း ဥပဒေ၏ ရည်ရွယ်ချက်၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ ပြည်သူ့စစ်မှုထမ်းရန်ကာလ၊ အမျိုးသားရေးတာဝန်၊ စိုးရိမ်ရန်မလို၊ ဘာကြောင့်ပြည်သူ့စစ်မှုထမ်း စနစ်ကျင့်သုံးရတာလဲ၊ ပြည်သူ့စစ်မှုထမ်းတို့၏ ခံစားခွင့်များ၊ ကင်းလွတ်ခွင့်များနှင့် ယာယီရွှေ့ဆိုင်းနိုင်သူများ၊ နိုင်ငံ့ခေါင်းဆောင်များ၏ အဆို အမိန့်များ ပါရှိသည့် ပြည်သူ့စစ်မှုထမ်းဥပဒေနှင့် ပတ်သက်၍ သိကောင်းစရာပါဝင်သော လက်ကမ်းစာစောင်များအား မြို့နယ်အတွင်ရှိ လူစည်ကားရာ နေရာများတွင် ပြည်သူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် လက်ဝယ်အရောက် လိုက်လံဖြန့်ဝေပေးခဲ့ကြကြောင်း သိရသည်။
အောင်ဝင်းနိုင်(ဖျာပုံခရိုင်ပြန်/ဆက်)