ရွှေတောင်မြို့နယ်တွင် မြန်မာ့သိုင်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရွှေတောင် ဖေဖော်ဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြည်သူ့အားကစားကွင်းခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းက အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ပြည်ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာန၏ ကြီးကြပ်မှုဖြင့်ဖွင့်လှစ်သော  မြန်မာ့သိုင်းသင်တန်းဆင်းပွဲအခမ်းအနားကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြည်ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးဒေါ်မြမြခိုင်က သင်တန်းဆင်းအမှာစကားပြောကြားပြီး သင်တန်းသား/သင်တန်းသူများက မြန်မာ့သိုင်း(ရှမ်းအိုးစည်)သရုပ်ပြ၊ မြန်မာ့သိုင်း(အလှပြ) သရုပ်ပြ၊ မြန်မာ့သိုင်း(အတိုက်)သရုပ်ပြ၊ မြန်မာ့သိုင်း(ဟန်ရေးပြ(၆၃)မောင်း)သရုပ်ပြတို့ဖြင့် သရုပ်ပြသခဲ့ကြပြီး သင်တန်းနည်းပြဆရာများနှင့် ဆုရသင်တန်းသား/ သင်တန်းသူများကို ဂုဏ်ပြုဆုများအသီးသီး ချီးမြှင့်ခဲ့ကြသည်။

အဆိုပါ သင်တန်းကို ရွှေတောင်မြို့နယ် ပြည်သူ့အားကစားကွင်းနှင့် အ.ထ.က(ခွဲ)ကံသုံးဆင့်ကျောင်းတို့၌ ဖေဖော်ဝါရီလ(၁၃)ရက်နေ့မှ (၂၇)ရက်နေ့ထိ ဖွင့်လှစ်ခဲ့ပြီး သင်တန်းသား / သင်တန်းသူ(၇၀)ဦး တက်ရောက်ခဲ့ကြကြောင်းသိရသည်။

ကိုကိုမင်း( ပြန် /ဆက်)