ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဗျက်ကလေးကျေးရွာ၌ ကျေးလက်ကုန်ထုတ်တံတား တည်ဆောက်နေမှု စစ်ဆေး

ဒိုက်ဦး ဖေဖော်ဝါရီ ၂၉

ပဲခူးတိုင်းဒေသကြီး ညောင်လေးပင်ခရိုင် ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၂၀၂၃ -၂ဝ၂၄) ဘဏ္ဍာနှစ်တွင် ပြည်ထောင်စုဘဏ္ဍာ ရန်ပုံငွေဖြင့် ဗျက်ကလေးကျေးရွာ၌ ကျေးလက်ကုန်ထုတ်တံတား တည်ဆောက်နေမှု အခြေအနေများကို နံနက်ပိုင်းက ဖေဖော်ဝါရီလ (၂၇) ရက်နေ့နံနက်ပိုင်း တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေးခဲ့‌ကြောင်း သိရသည်။

ထိုသို့စစ်ဆေးရာတွင် ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်မြင့်ထွန်းနှင့် အင်ဂျင်နီယာဝန်ထမ်းများ ကျေးလက်ကုန်ထုတ်တံတား ဖြစ်မြောက်ရေး ကော်မတီဝင်များနှင့်အတူ ဗျက်ကလေးကျေးရွာ၌ ကျေးလက်ကုန်ထုတ် တံတားတည်ဆောက်နေမှုကို စစ်ဆေးခဲ့ကြောင်း သိရသည်။

အဆိုပါ ဗျက်ကလေးကျေးရွာ သံကူကွန်ကရစ်တံတားသည် အရှည်ပေ ၈ဝ၊ အကျယ်၁၄ ပေ၊ အမြင့် ၁၂ ပေရှိ၍ တံတားတည်ဆောက်ခြင်း လုပ်ငန်းကို ပြည်ထောင်စု ဘဏ္ဍာရန်ပုံငွေကျပ် ၂၃၀ ဿမ ၄ဝ သန်းဖြင့် (Autumn Dream Construction) ကုမ္ပဏီမှ တာဝန်ယူ၍ ဇွန်လ ၁၄ ရက်မှ စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့ရာ ယခုအခါ  ရာနှုန်းပြည့်ခန့် ဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း၊ အဆိုပါ လုပ်ငန်းများ ရာနှုန်းပြည့်ပြီးစီးပါက ဗျက်ကလေးကျေးရွာရှိ တောင်သူများ၏ လူမှုစီးပွား ပိုမိုဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း ဒိုက်ဦးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဦးစီးအရာရှိမှ ပြောကြားခဲ့‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)